DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ပိုးတွေ့လူနာသစ် ၂၃၀၀ ကျော်တွင်လောက်ကိုင်မြို့က ၁၂၀ ဖြင့် အများဆုံးဖြစ်
DVB
·
July 5, 2021
ကိုဗစ်ပိုးတွေ့လူနာသစ် ၂၃၀၀ ကျော်တွင်လောက်ကိုင်မြို့က ၁၂၀ ဖြင့် အများဆုံးဖြစ်
Donate to DVB

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်  ၂,၃၁၈ ယောက် ရှိခဲ့ပြီး ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့က ပိုးတွေ့လူနာ ၁၂၀ ယောက်နဲ့ အများဆုံး ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၀,၃၇၈ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂,၃၁၈ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုးတွေ့နှုန်း ၂၂ ဒသမ ၃၄ ရာခိုင်နှုန်း ရှိနေခဲ့ကာ ပြီးခဲ့တဲ့ ရက်တွေကထက် ပိုမိုများပြား လာနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လူနာ ၃၅ ယောက် ထပ်မံသေဆုံးခဲ့တာမို့ ဒါဟာ ပြီးခဲ့တဲ့ တပတ်အတွင်း တရက်တည်း ကိုဗစ်-၁၉ သေဆုံးမှုအရေအတွက် စံချိန်တင်ပမာဏ ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့သူအရေအတွက်ကတော့ ၆၈၉ ယောက် ရှိနေခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၆၅,၄၀၅ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ပဲခူးတိုင်းဒေသကြီးက ၄၅၅ ယောက်နဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ ရှမ်းပြည်နယ် က  ၃၄၉ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးက ၃၂၃ ယောက်၊ ဧရာဝတီတိုင်း ဒေသကြီးက ၂၂၃ ယောက်၊ စစ်ကိုင်းတိုင်းဒေသကြီးက ၁၉၉ ယောက်၊ မကွေးတိုင်း ဒေသကြီးက ၁၇၄ ယောက်၊ မွန်ပြည်နယ်က ၁၆၇ ယောက်၊ မန္တလေးတိုင်းက ၁၆၅ ယောက်စီနဲ့ အစဉ်လိုက် ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး  မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013