DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄၁ ဦး တွေ့ရှိ
DVB
·
July 5, 2021
ဧရာဝတီတိုင်းတွင် တစ်ရက်တည်း  ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄၁ ဦး တွေ့ရှိ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ ဇူလိုင် ၄ ရက်နေ့ ၁ ရက်တည်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄၁ ဦး ထပ်မံတွေ့ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ 

ဧရာဝတီတိုင်းအတွင်း ကိုဗစ်ထပ်တိုး အတည်ပြုလူနာ ၂၄၁  ယောက်အနက်  ပုသိမ်မြို့က ၈၄ ဦး၊ ကန်ကြီးထောင့်မှာ ၄၁ ဦးနဲ့ သာပေါင်းမြို့မှာ ၂၂ ဦး အများဆုံး ပါဝင်နေတာပါ။

ကျန်မြို့နယ်တွေကတော့ ငပုတောမှာ ၂၁ ဦး၊ မအူပင်မှာ ၁၀ ဦး၊ ပန်းတနော်မှာ ၉ ဦး၊ ညောင်တုန်းနဲ့ မြောင်းမြမှာ ၈ ဦးစီ၊ ရေကြည်နဲ့ ကြံခင်းမှာ ၇ ဦးစီ၊ လပွတ္တာမှာ ၆ ဦး၊ မော်ကျွန်းနဲ့ ကျောင်းကုန်းမှာ ၅ ဦးစီ၊ ဝါးခယ်မမှာ ၃ ဦး၊ ဒေးဒရဲမှာ ၂ ဦး၊ ဟင်္သါတ၊ ဘိုကလေးနဲ့ အင်္ဂပူမှာ ၁ ဦးစီတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးလူနာထပ်တိုးတဲ့ မြို့နယ်တွေကတော့ ပုသိမ်မြို့မှာ ၁ ဦး သေဆုံးခဲ့တာဖြစ်ပြီး ဇူလိုင် ၅ ရက်နေ့ မနက်ပိုင်းက ဘုရားပေါ်မှာ အသက်ရှူကြပ်ပြီး အမျိုးသမီး ၁ ဦးထပ်မံသေဆုံးခဲ့ပါတယ်။

ရောဂါကူးစက်မှုနှုန်းမြင့်တက်နေတဲ့ ဧရာဝတီတိုင်းအတွင်းက ပုသိမ်၊ မြောင်းမြနဲ့ သာပေါင်းမြို့နယ်တွေကို Stay at Home မြို့တွေအဖြစ်သတ်မှတ်ကာ စာသင်ကျောင်းတွေနဲ့ စျေးတွေကိုတော့ ယာယီပိတ်ထားလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013