DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃၄ ဦး အထိရှိလာ
DVB
·
July 3, 2021
မူဆယ်တွင် တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃၄ ဦး အထိရှိလာ
Donate to DVB

ရှမ်းပြည်နယ်မြာက်ပိုင်း မူဆယ်မြို့မှာ  ဇူလိုင် ၂ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃၄ ဦးအထိ ပိုးတွေ့နှုန်း မြင့်တက်လာနေတယ်လို့ မူဆယ် ကိုဗစ်ကာကွယ် ကုသထိန်းချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

ပိုးတွေ့လူနာတွေကတော့ ဆက်သွယ်ရေး၊ ရဲ၊ ပညာရေး စတဲ့ အစိုးရဝန်ထမ်းတွေ အပါအဝင် Skin Care ဆိုင်၊ ဂိမ်းဆိုင်၊ စက်ချုပ်ဆိုင်နဲ့ ဂေါက်ကွင်းတို့မှာ အလုပ်လုပ်နေသူတွေနဲ့ ဈေးသည်၊ ငွေလဲသူ၊ ယာဉ်မောင်းနဲ့ စားပွဲထိုးတွေလည်း ပါဝင်ပါတယ်။

ဆက်သွယ်ရေးဝင်းထဲက ပိုးတွေ့လူနာ အများဆုံးဖြစ်ပြီး တောင်ရပ်ကွက်၊ ကောင်းနောင်ရပ်ကွက်၊ ဟိုနားရပ်ကွက်၊ ဟိုမွန်ရပ်ကွက်၊ စွမ်စော်ရပ်ကွက်၊ မင်္ဂလာမူဆယ်၊ ဈေးရပ်ကွက်၊ ကောင်းမှုလွယ်ရပ်ကွက်၊ ရဲစခန်းဝင်းနဲ့ အ.ထ.က ၂ စတဲ့ နေရာတွေက ပိုးထပ်တိုး တွေ့ရှိတာလို့ ဆိုပါတယ်။

မူဆယ်မှာ ဇွန်လ ၂၂ ရက်ကစတင်ကာ ကိုဗစ်-၁၉  စစ်ဆေးပေးတာဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့က စတင်ပိုးတွေ့ရှိကာ မူဆယ်ခရိုင် ဆေးရုံသစ်ကြီးမှာ ပိုးတွေ့ လူနာသီးသန့် ကုသပေးနေပါတယ်။ 

ဇွန်လ ၂၂ ရက်မတိုင်ခင်က လူနာတွေ ကွတ်ခိုင်ဆေးရုံမှာ လာရောက်စစ်ဆေးကာ ကုသမှု ခံယူရတာဖြစ်ပြီး လက်ရှိ မူဆယ်ခရိုင်ဆေးရုံသစ်ကြီးမှာ မုံးကိုးဘက်က ပိုးတွေ့လူနာတွေ အပါအဝင် ၇၂ ဦး ကုသမှုခံယူနေဆဲ ဖြစ်ပြီး ဆေးရုံဆင်းသူတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

‌‌မူဆယ်မှာ ပိုးတွေ့နှုန်း မြင့်လာပေမယ့် လောလောဆယ်မှာတော့ လူတွေ အသွားအလာပါး သွားပေမယ့် ဈေးတွေပိတ်ဖို့ ညွှန်ကြားချက်‌မရှိသေးဘူးလို့ သိရပါတယ်။

တချို့ စားသောက်ဆိုင်တွေကိုတော့ ပါဆယ်စနစ် ရောင်းချဖို့နဲ့ Mask ဝေပြီး ပညာပေးတဲ့ ကမ်ပိန်း လုပ်တာ‌တွေ ရှိတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့နယ်မှာ ၂၀၂၀ ပြည့်နှစ်  စက်တင်ဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ စုစုပေါင်း ၉၃ ဦးရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။

ကိုဗစ်-၁၉ Operation Team တွေရဲ့ စာရင်းအရ ဇူလိုင် ၂ ရက်အထိ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရောဂါပိုး ကူးစက်ခံရသူ ၁၀၀၀  ကျော်ရှိပြီလို့ သိရပါတယ်။

 စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဇူလိုင် ၂ ရက် ညနေ ၄ နာရီမှာ ထုတ်ပြန်ထားတာတော့ ရှမ်းပြည်နယ်တခုလုံးမှာ ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၁ ရက်အထိ ပိုးတွေ့ အယောက်  ၁၉၀နဲ့ သေဆုံးသူ ၂ ဦး ရှိပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013