DVB Logo
Home
မြန်မာသတင်း
စစ်သားများ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည့် NLD ရပ်ကျေးအဖွဲ့ဝင်အပါအဝင် ကျဆုံးပြည်သူ ၈၈၅ ဦးရှိလာ
DVB
·
July 2, 2021
စစ်သားများ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည့် NLD ရပ်ကျေးအဖွဲ့ဝင်အပါအဝင် ကျဆုံးပြည်သူ ၈၈၅ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၅ လအကြာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၈၈၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၄၆၂ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၁၉၅ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၃၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၅ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၄၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၂၅ ယောက်ကတော့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၇ နှစ်စီ၊ ၁ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီး မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ တိမ်းရှောင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်း မြို့နယ်၊ တဲစုကျေးရွာ NLD ရပ်ကျေးအဖွဲ့ဝင် ကိုစိုးစံဟာ နောက်တနေ့မှာပဲ ကျဆုံးသွား တယ်လို့ သိရှိရပါတယ်။ သူဟာ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့  ကွယ်လွန်ခဲ့တယ်လို့ ပြောပေမယ့် ပင်းတလဲဆေးရုံမှာ တပ်စွဲထားတဲ့ စစ်သားတွေ ရိုက်နှက်တာကြောင့် သေဆုံးသွားခဲ့တာလို့ အေအေပီပီက ဆိုပါတယ်။

ဇူလိုင် ၁ ရက်နေ့ မနက်ပိုင်းမှာတော့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့က အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) မှာပါဝင်တဲ့ လက်ထောက်ခွဲစိတ်ဆရာဝန် ဒေါက်တာဝတ်ရည် အောင်ကို အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တယ်လို့ သိရှိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့မှာလည်း သုခကာရီပရဟိတအဖွဲ့ဝင်နဲ့ မြို့ နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ ကိုထိုက်(ခ)ကိုကျော်လင်းထိုက်ဟာ လူနာပို့ ပြီးအပြန် ဇွန် ၂၉ ရက်ညအချိန်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်မှာ တိမ်းရှောင်နေတဲ့ မြို့နယ် NLD သတင်းနဲ့ ပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးမောင်စိန်ကိုလည်း ဇွန် ၂၉ ရက်နေ့ ညအချိန်က ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ် အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013