DVB Logo
Home
မြန်မာသတင်း
YMBA အသင်း ဗဟိုအတွင်းရေးမှူး ထိုးကြိတ်ရိုက်နှက်ခံရ
DVB
·
August 21, 2026
Photo: Ye Crime
Photo: Ye Crime
Donate to DVB

ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနီး ဖွင့်လှစ်ထားတဲ့ စစ်အာဏာရှင်ဩဇာခံ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ရုံးခန်းမှာ ဩဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီလောက်က ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်ကို အမည်မသိ အမျိုးသား ၄ ယောက်က ဝင်ရောက်ရိုက်နှက်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

မနေ့ မွန်းလွဲ ၁ နာရီလောက်က YMBA အသင်းရုံးခန်းအတွင်း ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်နဲ့ တိုင်းအတွင်းရေးမှူးအဖွဲ့ ရှိနေစဉ် လူတစုက ဝင်ရောက်ရိုက်နှက်ခဲ့တာလို့ အသင်းရုံးအနီး နေထိုင်သူတယောက်က DVB ကို ပြောပါတယ်။

"မနေ့က YMBA ရုံးခန်းထဲမှာ ဗဟိုအတွင်းရေးမှူးကို လူ ၄ ယောက်က ထိုးကြိတ်ရိုက်နှက်တာပါ။ ရပ်ကွက်ထဲကလူတွေ ရောက်လာလို့ ကံကောင်းသွားတာ၊ နောက်မဟုတ်ရင် မလွယ်ဘူး။ ဗဟိုအတွင်းရေးမှူး ထိုးကြိတ်ခံရတဲ့အချိန် ရုံးထဲမှာရှိတဲ့သူတွေက ထွက်ပြေးတော့ ပိုပြီးခံလိုက်ရတာပေါ့။”

အခင်းဖြစ်ပွားချိန်မှာ ရုံးအတွင်းမှာ ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်နဲ့အတူ တိုင်းအတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်၊ ဦးထူးဟန်နဲ့ ဦးတင်ဆန်းတို့ ရှိနေကြပြီး ရိုက်နှက်ချိန်မှာတော့ သူတို့ ၃ ယောက် ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်ကို အမျိုးသမီးရေးရာကိစ္စနဲ့ ဩဂုတ် ၁၀ ရက်က YMBA အသင်း နာယကဥက္ကဋ္ဌ ဦးအောင်မြင့်သန်းထံ တိုင်ကြားခဲ့ပြီးနောက် အခုလို ဖြစ်ပွားခဲ့တာလို့ ဒေသခံက ပြောပါတယ်။

"ဘယ်သူမှ လာဖမ်းတာမဟုတ်ပါဘူး။ မိန်းမကိစ္စနဲ့ ရုံးအထိ ဝင်ရိုက်တာပါ။ အရိုက်မခံရခင် တပတ်လောက်က ဦးမောင်မောင်ညွန့်ကို မိန်းမကိစ္စနဲ့ YMBA အသင်း နာယကထံ တိုင်ထားတာရှိတယ်။ အဲဒီကိစ္စ ဖြေရှင်းပေးလား၊ မဖြေရှင်းပေးလားတော့ မသိဘူး၊ အဲဒီနောက်ပိုင်း အရိုက်ခံရတာပဲ။”

လက်ရှိမှာတော့ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒဂုံမြို့နယ် ရဲစခန်းမှာ ဦးမောင်မောင်ညွန့်က ပြစ်မှုကျူးလွန်သူ ၄ ယောက်ကို အမှုဖွင့် အရေးယူထားပါတယ်။

ရိုက်နှက်ခံရသူ ဦးမောင်မောင်ညွန့်ဟာ စစ်တပ် အာဏာမသိမ်းမီက ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်ကိုင်ခဲ့ဖူးပြီး အာဏာသိမ်းပြီးနောက် ခရိုင်ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတုန်းက NDF ပါတီကို ကိုယ်စားပြုကာ ရန်ကင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရှုံးနိမ့်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံကူညီပေးခဲ့ပြီး စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဘုရားအလောင်းဖြစ် မြှောက်ပင့်နေတဲ့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အမည်မသိ အဖွဲ့အစည်းတွေ ပစ်ခတ်မှုတွေကြောင့် ၇ ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013