DVB Logo
Home
မြန်မာသတင်း
YMBA ဗဟိုအတွင်းရေးမှူးကို ထိုးကြိတ်ရိုက်နှက်ခဲ့သူ ၄ ဦး ဖမ်းမိ
DVB
·
August 25, 2026
Photo: Ye Crime
Photo: Ye Crime
Donate to DVB

စစ်အာဏာရှင်ဩဇာခံ ဗုဒ္ဓဘာသာကလျာဏယုဝ(YMBA)အသင်းရဲ့ ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်ကို ရိုက်နှက်ခဲ့သူ ၄ ယောက်ကို သြဂုတ် ၂၃ ရက်က ဖမ်းမိခဲ့တယ်လို့ အသင်းဝင်တွေဆီက သိရပါတယ်။

ရိုက်နှက်ခဲ့သူတွေကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက သြဂုတ် ၂၃ ရက်က ဖမ်းမိခဲ့ပြီး ဒဂုံမြို့နယ် ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ အသင်းဝင်တယောက်က DVB ကို ပြောပါတယ်။

“ဦးမောင်မောင်ညွန့်က ထိုးကြိတ်ခံရတဲ့နေ့က သူ့ဖုန်းပါသွားတော့ သူ့အကြောင်းတွေပေါ်မှာစိုးလို့ စစ်တပ်အင်အားနဲ့လိုက်တာ ၂၃ ရက်ကမိတယ်။ လက်ရှိ ဖမ်းမိတဲ့သူတွေကို ရဲစခန်းမှာ စစ်ဆေးနေတယ်။”

ဦးမောင်မောင်ညွန့်က သူအသုံးပြုနေတဲ့ Thu Sin Kyal Facebook Account ကနေ “အဖွဲ့စုံနဲ့ ၂ ရက် ပိုက်စိပ်တိုက်လိုက်တာ တရားခံတွေ မိပါပြီ။ ဒဂုံမြို့မရဲစခန်းကို လွှဲပြောင်း ပေးလိုက်ပါပြီ။ နိုင်ငံတော်အဆင့် သတင်းထုတ်ပြန်ဖို့ရှိပါတယ်။ အဲဒါပြီးရင် အားလုံးကိုပြောပါ့မယ်။ ယုံကြည် စိတ်ပူ ပေးတဲ့ မိတ်ဆွေအားလုံးအထူးကျေးဇူးတင်ပါတယ်။ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ ဖုန်းကတော့ပြန်မရသေးပါ” လို့ရေးတင်ထားပါတယ်။

အခင်းမဖြစ်ခင်တရက်က YMBA အသင်းရုံးတွင်း CCTV ကွန်ပျူတာ Hard Disk အခိုးခံရပြီး ပစ်စာတွေဖြန့်သလို ပူးပေါင်းကြံစည်သူတွေထဲမှာ ရန်ကင်းမြို့နယ်ထဲက သူတွေလည်းပါတယ်လို့ ဦးမောင်မောင်က မှတ်ချက်မှာရေးသားထားပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးမှာ ဖွင့်လှစ်ထားတဲ့ ဗုဒ္ဓဘာသာကလျာဏယုဝ (YMBA) အသင်းရုံးခန်းမှာ သြဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီက ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်ကို အမည်မသိ အမျိုးသား ၄ ယောက်က ရိုက်နှက်ပြီး ဖုန်းတလုံး လုယူသွားခဲ့တာပါ။

ရိုက်နှက်ခံရတဲ့ ဦးမောင်မောင်ညွန့်ဟာ အာဏာမသိမ်းခင်က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အာဏာသိမ်းပြီးနောက် ခရိုင် ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ လုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ NDF ပါတီ ကိုယ်စားပြုပြီး ရန်ကင်းမြို့နယ်ကနေ ဝင်ပြိုင်ခဲ့ရာ ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းဖို့ ထောက်ခံကူညီပေးခဲ့တဲ့ ဗုဒ္ဓဘာသာကလျာဏယုဝ (YMBA)အသင်းမှာ အာဏာသိမ်းပြီးနောက် အမည်မသိအဖွဲ့အစည်းတွေရဲ့ ပစ်ခတ်မှုကြောင့် ၇ ယောက် အထိ သေဆုံး ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013