DVB Logo
Home
မြန်မာသတင်း
NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ပြင်သစ်အမတ် ၁၅၀ ကျော် လက်မှတ်ထိုး
DVB
·
July 1, 2021
NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ပြင်သစ်အမတ် ၁၅၀ ကျော် လက်မှတ်ထိုး
Donate to DVB

မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ် ပြင်သစ်အစိုးရကအသိအမှတ်ပြုဖို့ ပြင်သစ်အထက်လွှတ်တော်အမတ် ၁၅၀ ကျော်တို့ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အခုလို ရေးထိုးတာကို ပြင်သစ်နိုင်ငံ အထက်လွှတ်တော်၏ နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနှင့်လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီကနေ သတင်းကောင်း ပြောကြားခဲ့တယ်လို့ NUG- အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြောခွင့်ရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။ 

ဒီဆုံးဖြတ်ချက်ကို မကြာခင် ပြင်သစ်အထက်လွှတ်တော်ဆွေးနွေးပွဲမှာ ဆွေးနွေးပြီးတော့ မဲခွဲဆုံးဖြတ်သွားမှာလည်း ဖြစ်ပါတယ်။ 

ပြင်သစ်လွှတ်တော်အမတ်တွေဟာ မြန်မာပြည်သူ ၅၄ သန်းအပေါ် စစ်အာဏာရှင်ရဲ့ အကြမ်းဖက်တဲ့အုပ်ချုပ်မှု အဆုံးသတ်ရေးအတွက် ပြင်းထန်တဲ့ အရေးယူမှုများ ပြုလုပ်ဖို့ ပြင်သစ်အစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။ 

ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံကို စစ်အာဏာရှင်ရဲ့ အကြမ်းဖက်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး လွတ်လပ်တဲ့ မြန်မာပြည်သူလူထုအားလုံး ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တည်ထောင်ရန်အတွက် မှတ်တိုင်များနဲ့ အရေးကြီးသော ခြေလှမ်းများဖြစ်တယ်လို့လည်း ဒေါက်တာဆာဆာက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013