DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်တွင် ၅၀၅ (က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၇ ဦး ပြန်လွတ်
DVB
·
June 30, 2021
ရှမ်းမြောက်တွင် ၅၀၅ (က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၇ ဦး ပြန်လွတ်
1 / 7
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပုဒ်မ ၅၀၅ (က)  နဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူ ၃၇ ဦး ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက ပြန်လွတ်လာကြောင်း နီးစပ်သူတွေဆီက သိရပါတယ်။

မူဆယ်မှာ ပုဒ်မ ၅၀၅ (က) နဲ့ အမှု ရင်ဆိုင်နေဆဲ ၁၉ ဦး၊ ကလေးငယ် ၁ ဦး၊ ပေါင်း ၂၀ ဦး နဲ့ လားရှိုးအကျဉ်းထာင်က ၁၇ ဦး လွတ်လာတယ်လို့ ဆိုပါတယ်။

လက်ရှိ အမှုမှာ လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ မူဆယ်က ရှေ့နေ တစ်ဦးက "ဟုတ်တယ်။ ဟုတ်တယ်။ အယောက် ၂၀ လွှတ်တယ်။ ယောက်ျားလေး ၁၆ ယောက်။ မိန်းကလေး ၄ ယောက်ပေါ့နော်။ အယောက် ၂၀။ အမှု ရင်ဆိုင်နေဆဲ ၁၉ ယာက်ပေါ့နော်။ မပြီးသေးတဲ့ လူက ၁၉ ယောက်ပေါ့နော်။ အမှုပြီးသွားတဲ့လူလည်း သင်တန်းကျောင်းကို လွှတ်လိုက်တဲ့ ကလေးသူငယ် အသက်မပြည့်သေးဘူး။ အသက်မပြည့်တော့ လူငယ် သင်တန်းကျောင်းကို ပို့လိုက်တဲ့ ကလေးလေး တစ်ယောက် ပြန်ပါလာတာ" လို့ ပြောပါတယ်။

လက်ရှိ မူဆယ်က ပြန်လွှတ်လာသူတွေက လားရှိုးပို့ခံရသူတွေ မဟုတ်ဘဲ မူဆယ်မှာပဲ ပုဒ်မ ၅၀၅ (က) နဲ့ အမှု ရင်ဆိုင်နေဆဲ လူငယ်တွေလို့ ဆိုပါတယ်။

ဒေသခံ တစ်ဦးက "၁၀၅ မိုင်က အုပ်စုတွေ ၄ ယောက် စလုံးပါတယ်။ နောက်ပြီးတော့ မူဆယ် မြို့ပေါ်ကလည်း ပါတယ်။ ကမ္ဘောဇဘဏ်နားမှာ ဖမ်းမိတဲ့ ကလေးတွေလည်းပါတယ်။ ဒါပေမယ့် မူဆယ်က ဓာတ်ခွဲမှူး ဦးစိုင်းမောင်တော့ ပါမလာဘူး"  လို့ ပြောပါတယ်။

မူဆယ်မှာ ပုဒ်မ ၅၀၅ (က) နဲ့ စွဲထားသူ ၃၆ ဦး၊ သဘာဝဘေးအန္တရာယ်နဲ့ စွဲထားတာ ၃ ဦး အားလုံး ၃၉ ဦး ထဲမှ ၅၀၅ က နဲ့ ပြန်လွှတ်ပေးတာ အယောက် ၂၀ ဦးဖြစ်တာကြောင့် ၁၉ ဦး ကျန်တယ် လို့ သူက ဆိုပါတယ်။

လားရှိုး အကျဥ်းထောင်က ပြန်လွှတ်လာသူတွေကတော့ ကျောက်မဲက ၂ ဦး၊ သီပေါက စစ်ရှောင်စခန်းကို ပစ္စည်းလှူဖို့ သွားရန် ပြင်နေတုန်း ဖမ်းဆီးခံရသူ ၆ ဦးနဲ့ လားရှိုးက ၉ ဦး၊ အားလုံး အမျိုးသား ၁၃ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၇ ဦး ပြန်လွှတ်လာတယ်လို့ နီးစပ်သူတစ်ဦးက ပြေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နွေဦးတော်လှန်ရေး ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်သူ ၆၀ ဝန်းကျင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အကျဉ်းထောင်အသီးသီးက  တော်လှန်ရေးကာလမှာ ဆန္ဒပြလို့ ဖမ်းဆီးထိမ်းသိမ်းခံရတဲ့သူ တွေထဲမှ အမျိုးသား ၁၈၀၀ ကျော်၊ အမျိုးသမီး ၄၀၀ ကျော်ကို ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးမှာဖြစ်ကြောင်း  ပြန်ကြားရေး ဒုတိယဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောခဲ့ပါတယ်။

Photo crd# သံလွင်သွေးချင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013