DVB Logo
Home
မြန်မာသတင်း
လိုအပ်သူများအတွက် “၁ ကျပ်သာ လှူပါ”ကမ်ပိန်းတွင် ပါဝင်လှူဒါန်းနိုင်
DVB
·
June 30, 2021
လိုအပ်သူများအတွက် “၁ ကျပ်သာ လှူပါ”ကမ်ပိန်းတွင် ပါဝင်လှူဒါန်းနိုင်
Donate to DVB

နွေဦးတော်လှန်ရေး အလှူအတွက် လိုအပ်တဲ့ နေရာတွေကို လှူဒါန်းနိုင်ဖို့ “၁ ကျပ်သာလှူပါ” ကမ်ပိန်းမှာ ပါဝင်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ ဒုတိယအကြိမ်အနေနဲ့ ပြုလုပ်တာဖြစ်ပြီး လတ်တလောမှာ နှစ်တဝက်တာ ကျိုးလာခဲ့ပြီး လှူဒါန်းရာမှာ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာတွေလည်း များလာတဲ့အတွက် ပထမအကြိမ်ကလို ဘယ်နေရာတွေကို လှူဒါန်းမယ်ဆိုတာ မဖော်ပြတော့ဘဲ လိုအပ်တဲ့နေရာကို လှူဒါန်းဖို့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးကြောင်း ဖော်ပြထားပါတယ်။

ဒီကမ်ပိန်းမှာ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ Digital Payment လေးမျိုးဖြစ်တဲ့ KBZ Pay, Wave Pay, CB Pay, AYA mBanking တွေနဲ့ လှူဒါန်းနိုင်မှာဖြစ်ကာ ငွေသားကို လူကိုယ်တိုင် လာရောက် လှူဒါန်းတာမျိုး၊ ဖုန်းဘေလ်နဲ့ လှူဒါန်းတာမျိုးတွေ လက်မခံဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အလှူငွေလွှဲရင် ငွေလွှဲဖော်ပြချက်(Description)မှာ Campaign/ Donation/ 1 Kyat/ 500 Kyats/ 1000 Kyats လို အသုံးအနှုန်းမျိုးတွေ ထည့်မပေးကြဖို့လည်း ကြိုတင် မေတ္တာရပ်ခံထားပါတယ်။

ဒုတိယအကြိမ် ကမ်ပိန်းကိုတော့ ဒီကနေ့ကစတင်ပြီး လာမယ့် ဇူလိုင် ၃ ရက်ထိ လှူဒါန်းနိုင်မှာဖြစ်ကာ နယုန်လကွယ်နေ့မတိုင်ခင်မှာ အလှူငွေရှင်းတမ်း ပြန်လည်ထုတ် ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်လက်ထက် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက်  ရည်ရွယ်ပြီး Heroes for Myanmar က စတင်ခဲ့တဲ့ “၅၀၀ ကျပ်ပဲ လှူပါ” ကမ်ပိန်းကနေ အလှူငွေကျပ်သိန်း ၈၀ ရရှိခဲ့ပြီး အားလုံးကို လှူဒါန်းပြီးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လူဦးရေ ၃ သန်းခွဲလောက်ဟာ လာမယ့် ၃ လကနေ ၆ လ လောက် အတွင်း အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program က  သတိပေးထားပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ အခြေခံစားသောက်ကုန် ဆန်နဲ့ဆီဈေးတွေဟာ မြင့်တက်လာခဲ့ ပြီး စီးပွားရေးမြို့တော် ရန်ကုန်မှာတောင် အစားလျှော့စားနေရတာတွေ၊ အာဟာရရှိတဲ့ အစားအစာ မစားနိုင်တာတွေ၊ အကြွေးတင်နေကြတာတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိအခြေအနေမှာ ဘဏ်လုပ်ငန်းတွေလည်း ရပ်ဆိုင်းနေပြီး ငွေအပေးအယူ မလုပ်နိုင်တာတွေ၊ ဘဏ်က ငွေသားထုတ်ယူဖို့ အခက်အခဲတွေ ရင်ဆိုင်နေရသလို စက်ရုံ အလုပ်ရုံတွေ ပိတ်ထားရတဲ့အခြေအနေကြောင့် သွင်းကုန်ပို့ကုန်လုပ်ငန်း အတော်များများ လည်း ရပ်ဆိုင်းနေကြပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013