DVB Logo
Home
မြန်မာသတင်း
အမေရိကန်နှင့် ဆွစ်ဇာလန်က မြန်မာသံတမန်ဝန်ထမ်း ၁၁ ဦး နေရင်းနိုင်ငံ ပြန်ရန် ငြင်းဆန်ထား
DVB
·
June 30, 2021
အမေရိကန်နှင့် ဆွစ်ဇာလန်က မြန်မာသံတမန်ဝန်ထမ်း ၁၁ ဦး နေရင်းနိုင်ငံ ပြန်ရန် ငြင်းဆန်ထား
Donate to DVB

အမေရိကန်ပြည်ထောင်စုနဲ့ ဆွစ်ဇာလန်နိုင်ငံတို့က မြန်မာသံတမန်ဝန်ထမ်း ၁၁ ယောက်ဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ နေရင်းမြန်မာနိုင်ငံကို ပြန်ဖို့ ငြင်းဆန်ထားပြီး ရောက်ရှိနေတဲ့နိုင်ငံတွေမှာပဲ ဆက်နေထိုင်ကြဖို့ နည်းလမ်းတွေ ရှာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် ဦးကျော်မိုးထွန်းက ဇွန် ၂၈ ရက်က ပြောကြားပါတယ်။ 

သူတို့တွေဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေ ဆက်လက်ပြုလုပ်နေချိန်မှာ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာတဲ့ နိုင်ငံ ၇ နိုင်ငံက သံတမန် အယောက် ၂၀ ထဲက ၁၁ ယောက် ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ 

ဝါရှင်တန်က မြန်မာသံတမန် ၄ ဦး၊ လော့စ်အိန်ဂျလိစ်က သံတမန် ၃ ယောက်တို့ဟာ သူတို့ရဲ့ သံတမန်အဆင့်အတန်းကို အဆုံးသတ်တော့မှာမို့လို့ အမေရိကန်ရဲ့ ယာယီစောင့်ရှောက်မှု အဆင့်အတန်းကို လျှောက်ထားပြီး ဂျီနီဗာက မြန်မာသံဝန်ထမ်း ၄ ယောက်ကလည်း သူတို့ အဲဒီမှာပဲ ဆက်လက်နေထိုင်ဖို့အတွက် ဆွစ်အာဏာပိုင်တွေဆီ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ 

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အစ္စရေးနဲ့ ဂျပန်နိုင်ငံတို့က မြန်မာသံတမန်တွေလည်း စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်ကြတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ 

ပြည်ပမှာရှိတဲ့ မြန်မာသံတမန်တွေကလည်း စစ်ကောင်စီအပေါ် ဆန့်ကျင်တဲ့ အရှိန်အဟုန်ကို မြှင့်ပေးခဲ့တယ်လို့ မှတ်ချက်ပေး ပြောကြားပါတယ်။ 

သူကိုယ်တိုင်အတွက်လည်း စစ်တပ်က နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲထားတာကြောင့် မြန်မာနိုင်ငံကို ပြန်လို့မရတော့တဲ့ အခြေအနေဖြစ်နေလို့ အမေရိကန်ပြည်ထောင်စုမှာ ယာယီ အကာအကွယ်ပေးထားသောအခြေအနေ သို့မဟုတ် တခြားပုံစံတမျိုးမျိုးနဲ့ နေထိုင်ခွင့်သက်တမ်း တိုးသွားမယ်လို့ ဆိုပါတယ်။ 

ဦးကျော်မိုးထွန်းဟာ ဒီလအစောပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ချမှတ်တဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ကြောင်း ပြသခဲ့ပါတယ်။ 

ဂျပန်နိုင်ငံကိုတော့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားပါတယ်။ ဒါပေမဲ့ တိုကျိုအစိုးရအနေနဲ့ အရပ်ဘက်အစိုးရ အာဏာပြန်မယူရသေးမချင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ စစ်တပ်ကို ဘဏ္ဍာရေးစီးဆင်းမှုတွေ ရပ်ဆိုင်းထားဖို့ တိုက်တွန်းပြီး ပိုမိုအားကောင်းပြီး တိကျပြတ်သားတွေ ဆုံးဖြတ်ချက်တွေ ချမှတ်စေချင်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013