
အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်ကနေ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉ ကျောင်း ထိခိုက် ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားတွေ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ KNU က အောက်တိုဘာ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၆ ခုနှစ်အတွင်း စစ်အာဏာရှင်တပ်ရဲ့ တိုက်ခိုက်မှု ကြောင့် ကျောင်းသားကျောင်းသူ ၄၁ ယောက် သေဆုံးခဲ့ပြီး အယောက် ၉၀ လောက် ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ တပ်ဟာ လိုက်နာရမဲ့ ၈ျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရုံသာမက ကရင်လူမျိုးများရဲ့ပညာရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်ထိ စစ်အာဏာရှင်တပ်ဟာ ကေအန်ယူနယ်မြေဒေသအပြင် မြန်မာတနိုင်ငံလုံးရှိ ဒေသတွေရှိ စစ်ဘေးရှောင်စခန်းများပါမကျန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်ကနေပါ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်နေတာပါ။











