DVB Logo
Home
မြန်မာသတင်း
ရေကြည်တွင် မြေမြှုပ်မိုင်းနင်းမိပြီး အရပ်သား အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
October 1, 2026
Photo: Khing Lin
Photo: Khing Lin
Donate to DVB

​ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲတာကြောင့် အရပ်သား အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်က စစ်အာဏာရှင်တပ်ရဲ့ အမြောက်တပ် အမတ ၃၄၄ အနီး၊ ရွာသစ်ကြီးကျေးရွာမှာ ခြံရှင်းလင်းဖို့ ထွက်သွားတဲ့ အသက် ၃၄ နှစ်အရွယ် အရပ်သား အမျိုးသမီးတယောက် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ကို သိရှိသူတယောက်က “အဲဒီအမျိုးသမီးက ခြံရှင်းနေတုန်း ဖြစ်သွားတာ။ တခါတည်း ဆုံးသွားတာ။ အဲဒီဘက်ရွာအခြမ်းက စစ်တပ်စခန်းချခဲ့တဲ့ နေရာတွေပေါ့။ အမြောက်တပ်နဲ့လည်း နီးတယ်” လို့ ပြောပါတယ်။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲတာကြောင့် သေဆုံးသူဟာ ရွာသစ်ကြီးကျေးရွာက ဒေါ်အေးမိုး ဆိုသူဖြစ်ပြီး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲတဲ့နေရာဟာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၂၀၂၅ ခုနှစ် ဇွန်လက တိုက်ပွဲဖြစ်ခဲ့တဲ့ကျေးရွာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကူညီဆောင်ရွက်ပေးသူတယောက်က “မြေမြှုပ်မိုင်းတွေ ရှိနေတဲ့အတွက် ဒေသခံတွေ သွားလာတဲ့အခါ အန္တရာယ်ရှိပါတယ်။ မိုင်းတွေကို ရှင်းလင်းပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။

ရေကြည်မြို့နယ်မှာ စစ်အာဏာရှင်တပ် စခန်းချခဲ့တဲ့နေရာတွေနဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားနေပြီး မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013