DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်နှင့်ဆားလင်းကြီးသပိတ်ကို မုံရွာပင်မသပိတ်​ ဦး​ဆောင်ကော်မတီဝင်များ ဝန်းရံပူး​ပေါင်း
DVB
·
June 30, 2021
ယင်းမာပင်နှင့်ဆားလင်းကြီးသပိတ်ကို မုံရွာပင်မသပိတ်​ ဦး​ဆောင်ကော်မတီဝင်များ ဝန်းရံပူး​ပေါင်း
1 / 10
Donate to DVB

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ​ကျေးလက်​နေပြည်သူစု​ပေါင်းပြီး စစ်အာဏာရှင်အမြစ်ပြတ် ဖြုတ်ချ​ရေးသပိတ်ကို ဇွန်လ ၃၀ ရက်​နေ့က ၁၁၂ ရက်​မြောက်​နေ့အဖြစ် ဆက်လက်ဆန္ဒ​ဖော်ထုတ်ခဲ့ကြပြီး မုံရွာပင်မသပိတ်မှ ​ဦး​ဆောင်ကော်မတီဝင်​တွေ လာ​ရောက်ဝန်းရံ ပူး​ပေါင်းခဲ့ပါတယ်။

မုံရွာပင်မသပိတ်တိုက်ပွဲ ဦး​ဆောင်​ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုခန့်​ဝေ​ဖြိုးက “မမျှတတဲ့ စစ်တပ်ဗဟိုပြု ကိုယ်ကျိုးစီးပွားစနစ်ကို အပြီးတိုင်ဖြိုလှဲပြီး ​ပြည်သူလူထုကို အကျိုးပြုတဲ့ စျေးကွက်စီးပွား​ရေးစနစ်ကို ထူ​ထောင်ရမှာဖြစ်ပြီး နှစ်​ပေါင်းများစွာက စိတ်မကူးနိုင်ခဲ့တဲ့ နိုင်ငံသစ်ထူ​ထောင်​ရေးအတွက် ကျ​နော်တို့ လက်ဝယ်​ရောက်ရှိလာတာဖြစ်လို့ အားမ​လျော့ဘဲ ဇွဲလုံ့လဘယ်​လောက်ထိရှိတယ်ဆိုတာ သက်​သေပြကြဖို့” လို့ပြောပါတယ်။

ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ် ပူး​ပေါင်းသပိတ်စစ်​ကြောင်းဟာ ​နေ့စဥ် စစ်အာဏာရှင်ကို ​တော်လှန်ဆန္ဒပြ​နေတာဖြစ်ပြီး ဆန္ဒပြအင်အားလည်း ​ကောင်း​နေဆဲ သပိတ်စစ်​ကြောင်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013