DVB Logo
Home
မြန်မာသတင်း
ကိုဗစ်တတိယလှိုင်းကာလ လွိုင်ကော်ပြည်သူ့‌ဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ပထမဆုံးတွေ့ရှိ
DVB
·
June 30, 2021
ကိုဗစ်တတိယလှိုင်းကာလ လွိုင်ကော်ပြည်သူ့‌ဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ပထမဆုံးတွေ့ရှိ
1 / 2
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ ပထမဆုံး အတည်ပြု လူနာ ၁ ဦးတွေ့ရှိတယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းဆီက သိရပါတယ်။ 

အဆိုပါလူနာဟာ လွိုင်ကော်မြို့မှာ နေထိုင်တဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတဦး ဖြစ်ပြီး  ဇွန်လ ၂၉ ရက်နေ့က နေမကောင်းလို့ ဆေးရုံးကြီးမှာ လာရောက်ကုသမှုခံယူခဲ့ရာက ကိုဗစ်- ၁၉ ဆေးစစ်ချက်အရ ပိုးတွေ့ရှိတာလို့ ဆိုပါတယ်။

အဆိုပါ အမျိုးသမီးဟာ ဇွန်လ ၁၄ ရက်နေ့က ပင်လောင်မြို့ရှိ ဆွေမျိုးတော်စပ်သူထံ သွားရောက်နေထိုင်ကာ စျေးရောင်းတဲ့ အလုပ်လုပ်ကိုင်ခဲ့ပြီး ဇွန် ၁၆ ရက်နေ့မှာ ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြရာ မသက်သာတဲ့အတွက် သူ နေထိုင်ရာ လွိုင်ကော်မြို့ကို ပြန်လာပြီး ဆေးကုသခဲ့တာပါ။

ဆေးရုံမှာထိတွေ့ခဲ့တဲ့ ပိုးတွေ့အမျိုးသမီးရဲ့ သားနှစ်ဦးနဲ့ ချွေးမ တစ်ဦးတို့ကိုလည်း ညတွင်းချင်း Quarantine ပို့ဆောင်ထားပါတယ်။

အဆိုပါ ပိုးတွေ့အမျိုးသမီးကို ဖယ်ခုံမှာ သွားရောက်ခေါ်ဆောင်ကာ ဒေါတမရပ်ကွက် နေအိမ်ပြန်သွားတဲ့ ကားသမား ၁ ဦးနဲ့ မိသားစုဝင် ၄ ဦးကိုလည်း ညပိုင်းမှာ ရွှေလွိုင်ကော်ပရဟိတက သွားရောက်ခေါ်ဆောင်ခဲ့ပြီး Quarantine ထားရှိကာ ထိတွေ့သူအားလုံးကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါ စတင်ပြန့်ပွားချိန်ကစပြီး ဇန်နဝါရီ ၃၁ ရက်နေ့အထိ ကယားပြည်နယ်မှာ ပိုးတွေ့လူနာ ၁၁၂ ဦးရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် တတိယလှိုင်းကာလမှာ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013