DVB Logo
Home
မြန်မာသတင်း
ယူကေအခြေစိုက် ချီးဗနင်းပညာသင်ဆုအစီအစဉ် ခေါ်ယူ
DVB
·
June 30, 2021
ယူကေအခြေစိုက် ချီးဗနင်းပညာသင်ဆုအစီအစဉ် ခေါ်ယူ
Donate to DVB

ယူကေတက္ကသိုလ်တွေမှာ စရိတ်ငြိမ်း ပညာသင်ကြားခွင့် ရရှိမယ့် ချီးဗနင်းပညာ သင်ဆု လျှောက်လွှာတွေကို လာမယ့် သြဂုတ် ၃ ရက်နေ့မှ စတင်လက်ခံသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ထုတ်ပြန်ထားပါတယ်။

အနာဂတ်တက်သစ်စ ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖြည့်ဆည်းနိုင်ပြီး  မိမိနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို ပြန် လည်အကျိုးပြုဆောင်ရွက်နိုင်ဖို့ ဒီပညာသင်ဆုကို ပေးအပ်တာလို့ ဆိုပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ဆုနဲ့ပတ်သက်တဲ့ အသေးစိတ် အ ချက်အလက်နဲ့ လျှောက်လွှာ စတင်ပြင်ဆင်ဖို့အတွက် ဖော်ပြပါလင့်ခ် www.chevening.org  မှာ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပြီး လျှောက်လွှာတွေကို နိုဝင်ဘာ ၆ ရက် နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ချီးဗနင်းပညာသင်ဆုကို လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ်က စတင်ပေးအပ်ခဲ့တာပဲဖြစ်ပြီး မြန် မာနိုင်ငံက ပညာသင်ဆု ရရှိခဲ့သူဦးရေ ၁၆၀ ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013