DVB Logo
Home
မြန်မာသတင်း
အနောက်နိုင်ငံများ မြန်မာ့အရေး ဝင်စွက်ဖက်နေဟု အကြမ်းဖက်စစ်ခေါင်းဆောင်ပြော
DVB
·
June 29, 2021
အနောက်နိုင်ငံများ မြန်မာ့အရေး ဝင်စွက်ဖက်နေဟု အကြမ်းဖက်စစ်ခေါင်းဆောင်ပြော
Donate to DVB

အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေတယ်လို့ အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ရုရှားရဲ့ RIA သတင်းအေဂျင်စီနဲ့အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပြီး အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံကို ဖျက်ဆီးဖို့ ကြိုးပမ်းနေကာ  နိုင်ငံတော်အာဏာကို သူတို့ထိန်းချုပ်မှုအောက်က လူတွေဆီရအောင် ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

အာရှ - ပစိဖိတ်ဒေသမှာ အကြီးမားဆုံးအန္တရာယ်တွေဟာ ဒေသတွင်းနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းနဲ့ ဆက်စပ်နေတယ်လို့သူကပြောပါတယ်။

မြန်မာပြည်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု ပြီးဆုံးသွားရင် ရွေးကောက်ပွဲတွေကို အမြန်ဆုံး ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအားလုံး ပါ၀င်နိုင်ပြီး ရွေးကောက်ပွဲဥပဒေတွေကို ပြောင်းလဲသွားဖို့ မရှိကြောင်းလဲ ကတိပေးလိုက်ပါသေးတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး တရားရုံးက သူ့ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ မင်းအောင်လှိုင်ဟာ နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံကို တက်ရောက်ဖို့ ရုရှားနိုင်ငံကို လာရောက်တာဖြစ်ပြီး ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ဝယ်ယူရေးနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ရုရှရဲ့ Sputnik V  ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ ၂ သန်း ဝယ်ယူဖို့လည်း ကြည့်နေကြောင်း ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013