DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်က CDM ပညာရေးဝန်ထမ်း ၁၆၀၀ ကျော် အလုပ်ထုတ်ခံရ
DVB
·
June 29, 2021
ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်က CDM ပညာရေးဝန်ထမ်း ၁၆၀၀ ကျော် အလုပ်ထုတ်ခံရ
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာ အာဏာဖီဆန် CDM ပြုလုပ်နေတဲ့ ပညာရေးဝန်ထမ်း ၁၆၄၉ ယောက်ကို အာဏာသိမ်းစစ်ကောင်စီက အလုပ်ကနေ ထုတ်ပယ်ထားတယ်လို့  ဖရူဆိုမြို့နယ်က အထက်တန်းပြဆရာမတစ်ဦးက ပြောပါတယ်။ 

ဖရူဆိုမြို့နယ်အတွင်းက CDM ပညာရေးဝန်ထမ်း ၅၂၆ ယောက်နဲ့  ဒီးမော့ဆိုမြို့နယ်တွင်းက  CDM ပညာရေးဝန်ထမ်း ၁၁၂၃ ယောက်တို့ကို မေလကတည်းကစပြီး တာဝန်မှ ယာယီရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ 

အခုလို တာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့စာကို တရားဝင်ပေးပို့တာမရှိပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းပေါ်ကနေ ပြန့်လာလို့ တာဝန်ရပ်ဆိုင်းခံရတာကို သိရတာလို့ ပြောပါတယ်။

“CDM စဝင်ကတည်း စစ်ကောင်စီရဲ့ မတရားအုပ်ချုပ်မှုအောက်မှာ မနေနိုင်လို့ လုပ်ရခြင်းဖြစ်လို့ အခုလို ထုတ်ပယ်စာထုတ်လို့လည်း ကျမတို့အနေနဲ့ ဘာမှဖြစ်မသွားပါဘူး။ ထုတ်ပယ်သာ မထုတ်ရင်တောင်မှ မတရားသူလက်အောက်မှာ လုံးဝအလုပ်လုပ်လိုခြင်းမရှိလို့ အဆုံးထိ CDM လုပ်သွားပါမယ်။  ညီမတို့အနေနဲ့ သူတို့ထုတ်တဲ့သာမှန်သမျှ တရားဝင်လို့ မယူဆလို့ ဘာမှ ဂရုစိုက်နေမှာမဟုတ်ဘူး” လို့ ပြောပါတယ်။  

အလုပ်ထုတ်ခံရတဲ့ ကာယကံရှင် ဝန်ထမ်းတွေအနေနဲ့ ပြစ်ဒဏ်နဲ့စပ်လျဉ်းကပြီး ကျေနပ်မှုမရှိပါက ရုံးအမိန့်စာကို လက်ခံရရှိတဲ့နေ့ကနေ ၆ လအတွင်း  နိုင်ငံ့ဝန်ထမ်း ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ အညီ အယူခံလွှာတင်သွင်းနိုင်ကြောင်း စစ်ကောင်စီရဲ့ အခြေခံပညာဦးစီးဌာနက စာထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013