DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် သူနာပြုဆရာမအပါအဝင် ၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
June 29, 2021
ဗန်းမော်တွင် သူနာပြုဆရာမအပါအဝင် ၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမ တစ်ယောက်နဲ့ မိသားစုဝင်တွေမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိပါတယ်။   

သူနာပြုဆရာမဟာ အနံ့အရသာပျောက်နေတာကြောင့် RDT နဲ့ စစ်ဆေးရာ  ဇွန် ၂၈ ရက် အဖြေအရ သူ အပါအဝင် ကလေးထိန်းအမျိုးသမီးနဲ့ လသားအရွယ်ကလေးမှာပါ ကိုဗစ်-၁၉ က ပိုးတွေ့ရှိခဲ့တယ်လို့ ဗန်းမော်မြို့နယ် ကျန်းမာရေး အသိုက်အဝန်းမှသိရပါတယ်။

အဆိုပါသူနာပြုဆရာမဟာ စစ်ကိုင်းတိုင်း အင်းတော်သူဖြစ်ပြီး သူ့ အိမ်သို့သွားရောက်ပြီး အပြန်မှာ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာအုပ်စု ၊ ပန်တိုင်းကျေးရွာသို့ဝင်ရောက်ခဲ့ပြီး အနံ့မရတာကြောင့် ဗန်းမော်သို့ပြန်လာ စစ်ဆေးခံစဉ် ရောဂါ စစ်ဆေးတွေ့ရှိခဲ့တာပါ။ 

ဗန်းမော်ပြည်သူ့ဆေးရုံကြီးရှိ သီးသန့်ဆောင်မှာ လက်ရှိကုသနေပြီး ကျန်းမာရေးကောင်းမွန်နေကာ သူနဲ့ ဆက်နွှယ်တဲ့ ကွင်းဆက်တွေကို သက်ဆိုင်ရာက ခေါ်ယူလိုက်လံစစ်ဆေးနေပါတယ်။

ဇွန်လ၂၉ ရက် မနက်  ၉ နာရီလောက်လည်းက  မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာအုပ်စု ပန်တိုင်းကျေးရွာနေ အမျိုးသား တစ်ယောက်ကို ပြန်လည်စစ်ဆေးရာ ကိုဗစ်ပိုးပြန်လည်တွေ့ရှိခဲ့ ပါတယ်။

ဇွန်လ ၂၈ ရက်ကလည်း ကချင်ပြည်နယ်အဝင် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်မှာ ကားသမားတွေကို RDTနဲ့ စစ်ဆေးစဉ် ကားသမားတစ်ဦးမှာည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ကာ ရွှေကူပြည်သူ့ဆေးရုံဝင်းထဲမှာ ထားရှိ ကုသပေးနေပါတယ်။

အရင် ကိုဗစ်ပထမလှိုင်းကာလတုန်းကလည်း မိုးမောက်မြို့နယ်မှ တာဝန်ကျနေတဲ့ သူနာပြုဆရာမတစ်ယောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ဖူးပြီး အခုတစ်ယောက်နဲ့ဆိုရင်  ကျန်းမာရေးဝန်ထမ်းတွေအထဲက ၂  ယောက်မြောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013