DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် လော့ခ်ဒေါင်းအကန့်အသတ်မရှိ ထပ်တိုး၊ တအိမ်လျှင် လူ ၂ ဦးသာ အပြင်ထွက်ခွင့် ပြု
DVB
·
June 29, 2021
မလေးရှားတွင် လော့ခ်ဒေါင်းအကန့်အသတ်မရှိ ထပ်တိုး၊ တအိမ်လျှင် လူ ၂ ဦးသာ အပြင်ထွက်ခွင့် ပြု
Donate to DVB

မလေးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ လျော့ကျမလာဘဲ မြင့် တက်နေတာကြောင့် မူလသတ်မှတ်ထားတဲ့ ကာလကနေ ရက်အကန့်အသတ်မရှိ လော့ခ် ဒေါင်းကာလ တိုးမြှင့်ချမှတ်လိုက်ပါတယ်။

အရင်က လော့ခ်ဒေါင်းကာလ ၂ ပတ်ချမှတ်မှုဟာ ဇွန် ၂၈ ရက်နေ့ ပြည့်မြောက်မှာ ဖြစ်ပေမယ့် မလေးရှားနိုင်ငံမှာ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်ကတော့ ၅,၀၀၀ ကျော်ကနေ လျော့နည်းသွားတာမျိုးမရှိဘဲ ဆက်လက်မြင့်တက်နေတာကြောင့် ခုလိုတိုး မြှင့်လော့ခ်ဒေါင်း ချမှတ်လိုက်တာလို့ ကာကွယ်ရေးဝန်ကြီး အစ္စမေးလ် ဆာဘရီ ယာကော့ဘ်က ပြောပါတယ်။

ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင်တွေမှာလည်း ကုသမှုခံယူနေသူတွေ ပြည့်လုနီးပါး ဖြစ်နေပြီး မလေးရှားလူဦးရေရဲ့ ၆ ဒသမ ၄ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ကာကွယ် ဆေး ၂ ကြိမ်ထိုးရသေးတယ်လို့ ဆိုပါတယ်။

အစိုးရကတော့ အပတ်စဉ် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပျမ်းမျှ ၄,၀၀၀ ထိ ကျဆင်းလာပြီး တခြားသော ရောဂါကူးစက်နိုင်တဲ့ အခြေအနေတွေ ရှင်းလင်းမှသာ လော့ခ်ဒေါင်းဖြေလျှော့မှု လုပ်နိုင်မယ်လို့ ဆိုပါတယ်။

လော့ခ်ဒေါင်းကာလအတွင်းမှာတော့ မရှိမဖြစ် ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေကိုသာ ဖွင့်လှစ်ခွင့်ပြုထားပြီး ဈေးဝယ်စင်တာတွေ၊ ကျောင်းတွေ၊ အများပြည်သူနဲ့ ဆိုင်တဲ့ ပန်းခြံတွေကိုတော့ ပိတ်ထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူတွေကိုလည်း သွားလာမှုတွေ ကန့်သတ်ထားပြီး တအိမ်ကို လူ ၂ ယောက်သာ အပြင်ထွက်ခွင့်ပြုမှာဖြစ်ကာ ပြည်နယ်၊ ခရိုင်တခုနဲ့တခုကြား ခရီးသွားလာခွင့်တွေကိုလည်း တားမြစ်ထားပါတယ်။

မလေးရှားနိုင်ငံတဝန်း လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၇ သိန်းကျော်နဲ့ သေဆုံးသူ ၅,၀၀၀ ကျော် ရှိနေပြီဖြစ်ကာ အာဆီယံနိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူပေါင်း ၁၈၂ သန်းကျော်၊ သေဆုံးသူ ၃ ဒသမ ၉ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက် က တော့ ၁၆၆ ဒသမ ၅ သန်းကျော် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013