DVB Logo
Home
မြန်မာသတင်း
မလှိုင်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး ထပ်တွေ့
DVB
·
June 29, 2021
မလှိုင်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး ထပ်တွေ့
Donate to DVB

မလှိုင်မြို့မှာ ကိုဗစ်-၁၉ သံသယ ၃ ဦးအား RDT test kit နဲ့ စစ်ဆေးရာမှာ ကိုဗစ်ပိုးမတွေ့ဘဲ ဓာတ်ခွဲအတည်ပြုရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း မလှိုင်မြို့ အမှတ် (၁) ရပ်ကွက် နယ်မြေ (၆) မှာ ကလောမြို့က ပြန်လာပြီး ဖျားလာတာကြောင့် ကိုဗစ်စစ်ဆေးရာ ၃ ဦး ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။

ထိတွေ့ဆက်စပ်သူ ၆ဦးကို RDT test kit နဲ့စစ်ဆေးရာ ၃ ဦးထပ်တွေ့ပြီး ကျန် ၃ ဦးကတော့ ပိုးမတွေ့ရဘဲ ဇွန် ၂၈ ရက်နေ့က မန္တလေးမှာ ဓာတ်ခွဲအတည်ပြုမှ ကိုဗစ်ပိုးတွေ့ခဲ့တာကြောင့် မလှိူင်ဆေးရုံ သီးသန့်အဆောင်မှာ ထားရှိ ဆေးကုသနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ကလောက ပြန်လာသူအပါ ထိတွေ့ဆက်စပ်ကူးစက်မှုကတော့ မလှိုင် အမှတ် (၁) ရပ်ကွက်မှာပဲ ကိုဗစ်ပိုးတွေ့သူ ၉ ဦး ဖြစ်သွားတယ်” လို့ ပြောပါတယ်။

မိတ္ထီလာခရိုင်ထဲမှာ ဝမ်းတွင်းက ၅ ဦး၊ သာစည် ၂ ဦး၊ မိတ္ထီလာ ၈ ဦး၊ မလှိုင် ၉ ဦး၊ စုစုပေါင်းပေါင်း ၂၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဆေးကုသမှု ခံယူနေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013