DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ၂၄ နာရီအတွင်း လူ ၅၀၀၀ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ၊ စုစုပေါင်း ၂ သိန်းခွဲနီးပါးရှိလာ
DVB
·
June 28, 2021
ထိုင်းတွင် ၂၄ နာရီအတွင်း လူ ၅၀၀၀ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ၊ စုစုပေါင်း ၂ သိန်းခွဲနီးပါးရှိလာ
Donate to DVB

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅,၄၀၆ ယောက်ရှိခဲ့ကာ နိုင်ငံတဝန်း ရောဂါကူးစက်ခံရသူစုစုပေါင်း ၂ သိန်းခွဲနီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

သေဆုံးမှုအသစ်ကတော့ ၂၂ ယောက် ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၁,၉၃၄ ယောက် ရှိလာခဲ့တာပါ။

ရောဂါကူးစက်မှုအသစ်တွေထဲမှာ ၃,၇၅၇ ယောက်ကတော့ ဆေးရုံတွေမှာ စစ် ဆေးတွေ့ရှိရတာဖြစ်ပြီး ၁,၆၂၂ ယောက်ကတော့ ကိုယ်တိုင်စစ်ဆေးမှုတွေအရ တွေ့ရှိရ တာဖြစ်ကာ အကျဉ်းထောင်တွေက ၉ ယောက်နဲ့ နိုင်ငံရပ်ခြားက ပြန်လည်ရောက်ရှိလာ ပြီး ပိုးတွေ့ရှိသူ ၁၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်မှုအသစ်တွေ့ရှိရာ ဒေသတွေထဲမှာတော့ ဘန်ကောက်က ၁,၆၇၈ ယောက်နဲ့ ဦးဆောင်နေပြီး တာ့ခ်က ၄၅၃ ယောက်၊ ဆမွတ်ပရာကန်က ၃၉၅ ယောက်၊ ချွန်ဘူရီက ၃၉၀ ယောက်စီနဲ့ အများဆုံး တွေ့ရှိရတဲ့ ဒေသတွေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၃,၃၄၃ ယောက် ရှိနေခဲ့ပါတယ်။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၆၃,၂၃၀ ယောက်ကတော့ ကို ဗစ်-၁၉ ကာကွယ်ဆေး ပထမတကြိမ် ထိုးနှံပြီးဖြစ်ကာ ၃၀,၃၇၄ ယောက်ကတော့ ဒုတိယတကြိမ် ထိုးနှံပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်း လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်းကတော့ ၉ ဒသမ ၁ သန်းကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၁ ဒသမ ၈ သန်းကျော်၊ သေဆုံးသူပေါင်း ၃ ဒသမ ၉ သန်းကျော်နဲ့ ရောဂါပြန်လည် ပျောက်ကင်း သက်သာလာသူပေါင်း ၁၆၆ ဒသမ ၄ သန်းကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ် ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

ရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် အမေရိကန်က ကူးစက်ခံရသူပေါင်း ၃၄ ဒသမ ၄ သန်းကျော်၊ အိန္ဒိယက ၃၀ ဒသမ ၂၇ သန်းကျော်၊ ဘရာဇီးက ၁၈ ဒသမ ၄၂ သန်း ကျော်စီနဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ ကမ္ဘာ့နိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးအဆင့် ၇၆ နေရာမှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013