
ဘိုကလေးမြို့အဝင် သာပေါင်းစစ်ဆေးရေးက စစ်အုပ်စုနဲ့ရဲတွေ ထိုင်တဲ့ ကင်းတဲ ဇွန်လ ၂၇ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ် အချိန်လောက်က မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဲဒီစစ်ဆေးရေးဂိတ်ဟာ ကိုဗစ်ရောဂါပိုး မြန်မာနိုင်ငံအတွင်း စတင်ပျံ့နှံ့စဥ်အချိန်က အသုံးပြုခဲ့တာဖြစ်ပြီး စစ်အုပ်စုက အာဏာသိမ်းပြီးချိန်မှာ ရဲနဲ့စစ်သားတွေသာ အသုံးပြုနေတာလို့ သိရပါတယ်။
ဘိုကလေးဒေသခံတစ်ဦးက "ကိုဗစ်ကာလကတော့ ရပ်မိရပ်ဖတွေ၊ ပရဟိတသမားတွေ အာဏာပိုင်တွေနဲ့ ပေါင်းပြီး အဲ့ဒီဂိတ်ကို အသုံးပြုခဲ့တာပါ။ အခုတော့ စစ်တပ်နဲ့ရဲတွေက နေရာယူထားကြပြီ ဘယ်သူရှို့သွားတယ်ဆိုတာတော့ ဘယ်သူမှမသိကြဘူး" လို့ ပြောပါတယ်။
မီးရှို့ခံရပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက မြို့ခံလူငယ်တွေနဲ့ နိုင်ငံရေးတက်ကြွသူတွေကို လိုက်လံရှာဖွေ ဖမ်းဆီးတာတွေပြုလုပ်နေတာကြောင့် ဒေသခံတချို့တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ဘိုကလေးမြို့အဝင် သာပေါင်းစစ်ဆေးရေးဂိတ်ကို စစ်အုပ်စု၊ ရဲတွေနဲ့ အပြင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကပါ လာရောက်စစ်ဆေးနေတယ်လို့သိရပြီး ကားတွေ၊ ဆိုင်ကယ်တွေကိုလည်း လက်နှက်အင်အားတွေနဲ့ တားပြီးစစ်ဆေးနေတယ်လို့သိရပါတယ်။