DVB Logo
Home
မြန်မာသတင်း
တရုတ်တွင် ထောင်ဒဏ်ကျခံပြီးသည့် မြန်မာ ၁၈၈ ဦးအား ပြန်လွှဲပေး
DVB
·
June 26, 2021
တရုတ်တွင် ထောင်ဒဏ်ကျခံပြီးသည့် မြန်မာ ၁၈၈ ဦးအား ပြန်လွှဲပေး
Donate to DVB

တရုတ်နိုင်ငံ အကျဉ်းထောင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်ခံပြီးသူ မြန်မာနိုင်ငံသား ၁၈၈ ဦးအား မြန်မာနိုင်ငံကို ဇွန် ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ မူဆယ် တရုတ်ကျောင်း ကွာရန်တင်း စင်တာ သိရပါတယ်။ 

တရုတ်နိုင်ငံ၊ ရွှေလီ ပြည်ဝင်/ ပြည်ထွက် နယ်စပ်ကာကွယ် စစ်ဆေးရေးဌာနက မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်ဝင်/ထွက် ဂိတ်ပေါက်ဖြစ်တဲ့ နန်းတော်ပေါက်ကနေ လွှဲပြောင်းပေးအပ်ခဲ့ပြီး ညနေ ၃ နာရီလောက်မှာ မူဆယ်တရုတ်ကျောင်း ကွာရန်တင်းစင်တာ လက်ခံထားတယ်လို့ ဆိုပါတယ်။

လွှဲပြောင်းပေးလိုက်တဲ့ အကျဉ်သားတွေထဲမှ မွေးခါစ မိန်းကလေး အသက် ၁၉ ရက် သမီးနဲ့ အသက် ၃ လ သီး အပါအဝင် အမျိုးသမီး ၅၅ ယောက်၊ အမျိုးသား ၆၃ ယောက်၊ စုစုပေါင်း ၁၁၈ ယောက် ဖြစ်တယ်လို့ မူဆယ် တရုတ်ကျောင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က DVB ကို ပြောပါတယ်။

လေယာဉ်စီးဖို့ ခွင့်မရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ယောက် ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ 

“ကလေးမွေးထားတဲ့ နှစ်ယောက်ကတော့ ဖမ်းခံရတာ မကြာသေးဘူး။ ဖမ်းပြီးတော့ သူတို့က အချုပ်ထဲမှာ မထည့်ဘူး။ အဲဒီလိုကလေး ဗိုက်ကြီးသည် မှန်သမျှကို သူတို့က ဟိုတယ်မှာ ကွာရန်တင်း သဘောမျိုးထားတယ်။ ထားပြီးတော့ အဲဒီမှာ မွေးပြီးတော့ လွှဲွှဲးလိုက်တာ။ ကျန်းစူးပြည်နယ်က အဖွဲ့တွေ ဝေးတယ်။ လေယာဉ်ပျံထဲမှာ ဗိုက်ကြီးသည်၊ မွေးခါနီး လူတွေကျတော့ မွေးခါနီး၊ ဖွားခါနီး ဆိုရင် စီးခွင့်မရဘူးလေ။ ဗိုက်ကြီးသည် ၃ ယောက်လောက် ကျန်သေးတယ်” လို့ ဦးမန်းမျိုးမြင့်က ရှင်းပြပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ အများစုမှာ ထောင်ဒဏ် ၄ လ ကျခံသူတွေဖြစ်ပြီး တချို့က ၁၁ လ၊ ၁ နှစ် ဖြစ်ကာ နှစ်ကြီးသမား အမျိုးသမီး နှစ်ဦး၊ ၁၀ နှစ်သမား တစ်ဦး၊ အနှစ် ၂၀ သမား တစ်ဦးပါဝင်ပြီး လ.ဝ.က မှု အများဆုံးပါဝင်ကာ နှစ်ကြီးသမား နှစ်ဦးက ငွေကြေးလိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေပါတယ် လို့ဆိုပါတယ်။

ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း ကာလအတွင်း တရုတ်ထောင်လွှဲတွေကို အပတ်စဉ် သောကြာနေ့တိုင်း လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။ မူဆယ် တရုတ်ကျောင်း ကွာရန်တင်းစင်တာမှာ ကွာရန်တင်းဝင်၊ ကိုဗစ်ပိုး စစ်ဆေးပြီး ပိုးကင်းစင်မှ နေရပ်ကို ပြန်လွှတ်ပေးနေပေမယ့် တရုတ်ကပိတ်လိုက်တာကြောင့် ၃ လ နားလိုက်ရပြီး အခု ကိုဗစ်တတိယလှိုင်းကာလမှာ ပထမဆုံးအကြိမ် ပြန်လည်လွှဲပြောင်းပေးတာပါ။

လွှဲပြောင်းလာတဲ့ အကျဉ်းသား ထောင်လွှဲများကို အနည်းဆုံး ကွာရန်တင်းစင်တာမှာ ၃ ရက် အထက် ထားရှိရတာဖြစ်ပြီး လက်ရှိမှာ အလှူရှင်ရှားပါးမှုကြောင့် လွှဲပြောင်းလာတဲ့ အကျဉ်းသားတွေရဲ့ စားရေးသောက်ရေးအတွက် များစွာအခက်အခဲ ဖြစ်နေတယ်လို့ ကွာရန်တင်းစင်တာမှာ တာဝန်ယူ ကူညီသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013