DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်ခတ်မှုကြောင့် ကျဆုံးကလေးငယ် ၇၂ ဦးရှိ၊ ၁၁ ဦးက ဦးခေါင်းတည့်တည့် သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
June 26, 2021
စစ်တပ်ပစ်ခတ်မှုကြောင့် ကျဆုံးကလေးငယ် ၇၂ ဦးရှိ၊ ၁၁ ဦးက ဦးခေါင်းတည့်တည့် သေနတ်ဖြင့် ပစ်သတ်ခံရ
Donate to DVB

မတရားအာဏာသိမ်းကာလ ၅ လနီးပါးအကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူမမယ်ကလေးတွေအပါအဝင် ကလေးသူငယ် ၇၂ ယောက် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ လက်ရှိအချိန်ထိ အေအေပီပီက လက်လှမ်းမီသလောက် စာရင်းပြုစု ကောက်ယူမှတ်တမ်းတင်ထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထိမှန်သေဆုံးခဲ့ရသူတွေ အရေအတွက်ကို သေချာစွာ မသိရှိရသေးတဲ့အတွက် စာရင်းထဲမှာ ထည့်သွင်းနိုင်ခြင်း မရှိသေးကြောင်းနဲ့ သေဆုံးသူတွေထဲမှာ အငယ်ဆုံး အသက် ၁ နှစ်ကျော် ကလေးအထိ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီရဲ့ စာရင်းတွေအရ အသက် ၁၈ နှစ်နဲ့အောက် ကလေးသူငယ်တွေ သေဆုံးမှုဟာ တိုင်းနဲ့ပြည်နယ် ၁၁ ခုက ပါဝင်ပြီး မန္တလေးတိုင်းမှာ ၂၃ ယောက်နဲ့ အများဆုံး သေဆုံးခဲ့ရပြီး ဒုတိယအများဆုံးကတော့ ရန်ကုန်တိုင်းမှာ အယောက် ၂၀ သေဆုံးခဲ့တာပါ။

မတ်လတလတည်းမှာ ကလေးသူငယ် ၄၈ ယောက် သေဆုံးခဲ့ရပြီး သေဆုံးတဲ့ ကလေးသူငယ် ပေါင်း ၇၂ ယောက်ထဲမှာ ၁၁ ယောက်ကတော့ ဦးခေါင်းတည့်တည့် သေနတ်နဲ့ ပစ်သတ်ခံရတာလို့ အေအေပီပီက ဆိုပါတယ်။

အဲဒီလို ကလေးငယ်တွေကို ရမ်းကားပစ်ခတ်၊ သတ်ဖြတ်မှုတွေဟာ ဥပဒေအရရော၊ လူ့သားကျင့်ဝတ်အရပါ ဘယ်လိုအကြောင်းနဲ့မှ ခွင့်လွှတ်လို့ မရနိုင်တဲ့ လူမဆန်တဲ့ ကျူး လွန်မှုဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုဟာ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ ဆက်လက်ဖိနှိပ်ကျင့်သုံးသွားမှာကို သက်သေပြနေတာလို့ ဆိုပါတယ်။ 

ဒါကြောင့်မို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံ စစ်အုပ်စုက ကလေးသူငယ်တွေအပေါ် ရက်စက်စွာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ထိရောက်စွာ ကိုင်တွယ်အရေးယူနိုင်ဖို့ အေအေပီပီအနေနဲ့ အလေးအနက် တိုက်တွန်းကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013