DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့်ပတ်သက်ပါက အသက်အန္တရာယ်အာမမခံနိုင်ဟု ချင်းပြည်နယ်ကာကွယ်ရေးတပ် သတိပေး
DVB
·
June 25, 2021
စစ်ကောင်စီတပ်နှင့်ပတ်သက်ပါက အသက်အန္တရာယ်အာမမခံနိုင်ဟု ချင်းပြည်နယ်ကာကွယ်ရေးတပ် သတိပေး
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်နဲ့ ပတ်သက်ခြင်းမပြုလုပ်ကြဖို့နဲ့ ပတ်သက်ကြောင်း သက်သေတွေ့ရှိပါက အသက်အန္တရာယ်စိုးရိမ်နိုင်ဖွယ်ရှိကြောင်း ချင်းပြည်နယ်ကာကွယ်ရေးတပ်က သတိပေးလိုက်ပါတယ်။

ချင်းပြည်နယ်ကာကွယ်ရေးတပ်(CDF) ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ထန် တလန်မြို့တွင်းမြို့ပြင် မော်တော်ယာဉ်ပိုင်ရှင်တွေအနေနဲ့ မိမိတို့ယာဉ်အဝင်အထွက် သ တင်းတွေကို CDF-ထန်တလန် တာဝန်ရှိသူတွေကို အကြောင်းကြားဖို့၊ ည ၉ နာရီနောက်ပိုင်း ဘယ်ယာဉ်၊ လူပုဂ္ဂိုလ်မဆို မြို့တွင်းမြို့ပြင် သွားလာခြင်းမပြုကြဖို့ သတိပေးထားတာပါ။

ဒါ့အပြင် မြို့စွန်မြို့ဖျားနေရာတွေမှာ အုပ်စုလိုက် အရက်သောက်တာ၊ လမ်းပေါ် ထွက်အော်ဟစ်တာ စတဲ့ ပြည်သူတွေအတွက် နှောင့်ယှက်တာတွေ မပြုလုပ်ကြဖို့နဲ့ ကောလာဟလသတင်းအမှားတွေ မဖြန့်ကြဖို့လည်း သတိပေးထားပြီး လိုက်နာခြင်းမရှိတဲ့ ဘယ်သူ့ကိုမဆို CDF-ထန်တလန်က အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ထန်တလန်ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လုံးဝပတ်သက်မှု မပြုလုပ်ကြဖို့၊ အထူးသဖြင့် နယ်ဝေးကလာတဲ့ ထန်တလန်မြို့နယ်တွင်း အလုပ်သမားတွေ၊ ကုမ္ပဏီအလုပ်သမားတွေ၊ အအေး၊ ရေခဲချောင်းရောင်းသူတွေ၊ အသေးစားဆိုင်ကယ် ကုန်သည်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပတ်သက်မှု မပြုလုပ်ကြဖို့၊ ပတ် သက်မှုသက်သေတွေ့ရှိပါက အသက်အန္တရာယ်အတွက် စိုးရိမ်နိုင်ဖွယ်ရှိကြောင်း သိစေလိုတယ်လို့ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်ကာကွယ်ရေးတပ်(CDF)ကိုတော့ ချင်းပြည်နယ်အတွင်းက မြို့နယ် ၉ ခုနဲ့ ပြည်နယ်ပြင်ပက ချင်းအမျိုးသားတွေ စုပေါင်းကာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တာပါ။

အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်မှာ ဒေသခံ လူပေါင်း ၁၈,၀၀၀ လောက်ဟာ နေရပ်စွန့် ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်ဒေသခံတွေဟာ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ မတူပီ၊ ထန်တလန်မြို့တွေနဲ့ မကွေးတိုင်း ဆောမြို့က ယာယီစခန်း ၇၄ ခုမှာ နေထိုင်နေကြရကြောင်းနဲ့ သူတို့ဟာ ချင်းပြည်နယ်မှာ မေ ၁၂ ရက်ကတည်းကနဲ့ မကွေးတိုင်းမှာ ဇွန် ၆ ရက်နေ့ကတည်းက နေရပ်ရွှေ့ပြောင်းနေထိုင်ခဲ့ကြရတာလို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေကြောင့် မေ ၁၂ ရက်ကတည်းက လူထောင်ပေါင်းများစွာလည်း တောတောင်တွေထဲကို ထွက်ပြေးသွားကြပြီ ဖြစ်ပါတယ်။

ချင်းပြည်နယ် တချို့နေရာတွေက လုံခြုံရေးအခြေအနေတွေဟာ စိုးရိမ်စရာဖြစ်နေပြီး ကန်ပက်လက်၊ မင်းတပ်၊ မတူပီနဲ့ ထန်တလန်မြို့နယ်တွေအပြင် နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ မကွေးတိုင်းက မြို့နယ်တချို့မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF)ကြားက တိုက်ပွဲတွေ ပုံမှန်ဖြစ်နေတယ်လို့လည်း UNOCHA က ဆိုပါတယ်။

ဒေသခံမိတ်ဖက်တွေအဆိုအရ တိုက်ပွဲတွေကြောင့် ဇွန် ၁၁ ရက်နေ့မှာ ထန်တလန်မြို့က ခန့်မှန်းခြေလူပေါင်း ၈၂၀ လောက်ဟာ အနီးအနားက တောတောင်တွေဆီကို ထွက်ပြေးတိမ်းရှောင်သွားပြီး သူတို့ဆီ အကူအညီတွေ အမြန်ဆုံးရောက်ရှိဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013