DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးကိုအားပေးသည့် ပုပ်ဖရန့်စစ်ကို မန္တလေးကက်သလစ်ဂိုဏ်ချုပ် ကျေးဇူးတင်စကား ပြော
DVB
·
June 24, 2021
မြန်မာ့အရေးကိုအားပေးသည့် ပုပ်ဖရန့်စစ်ကို မန္တလေးကက်သလစ်ဂိုဏ်ချုပ် ကျေးဇူးတင်စကား ပြော
Donate to DVB

မြန်မာနိုင်ငံက ဆင်းရဲဒုက္ခခံစားနေရသောလူတွေအတွက် ကူညီဖို့ တိုက်တွန်းတာနဲ့ တွေ့ဆုံ ဆွေးနွေးမှုကနေတဆင့် နိုင်ငံရဲ့အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ အားပေးလိုက်တဲ့ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ကို ကျေးဇူးတင်ရှိကြောင်း  မန္တလေးမြို့က ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး မာကိုတင်ဝင်းက ပြောကြားလိုက်ပါတယ်။ 

ပုပ်ရဟန်းမင်းကြီး ပြောတဲ့အချိန်မှာ ကက်သလစ်ဘာသာဝင်တွေသာမက တခြားဘာသာဝင် တွေလည်း အပါအဝင် မြန်မာတွေဟာ အရမ်းကိုအားတက်ပြီး လှုပ်ရှားလာကြတယ်။  အခုကြုံနေရတဲ့အဖြစ်ဆိုးမှာ ကျနော်တို့အားလုံးအတွက် အရမ်းကို အရေးပါတဲ့ အားပေးထောက်ခံမှု ပါလို့ ဘုန်းတော်ကြီး မာကိုတင်ဝင်းက ပြောပါတယ်။ 

ဗာတီကန်ရဲ့ Fides သတင်းအေဂျင်စီနဲ့ အင်တာဗျူးရာမှာ ဘုန်းတော်ကြီး မာကိုတင်ဝင်းက ပုပ်ရဟန်းမင်းကြီးရဲ့ ဇွန်လ ၂၀ ရက် မေတ္တာရပ်ခံချက်အပေါ် မှတ်ချက်ပေးပြောဆိုသွားတာပါ။ 

ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားပဋိပက္ခတွေအတွင်း ပိတ်မိနေတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ်မဲ့ဇုန်တွေ ပံ့ပိုးကူညီပေးဖို့ မြန်မာဘုန်းတော်ကြီးတွေရဲ့ မေတ္တာရပ်ခံချက်ကို အားဖြည့်ပြောကြားပေးခဲ့တာပါ။ 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံ အာဏာသိမ်းခံရချိန်ကစပြီး ပြည်သူလူထုနဲ့အတူ သူရဲ့တစည်းတလုံးတည်းရှိမှုကို အကြိမ်ကြိမ် ထုတ်ဖော်မိန့်ကြားခဲ့ပြီး စစ်တပ်ခေါင်းဆောင်တွေ ကိုလည်း တွေ့ဆုံဆွေးနွေးရေးဖက်လှည့်ပြီး ငြိမ်းချမ်းရေးကို ရယူဖို့ တိုက်တွန်းခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးရဲ့မိန့်ကြားချက်ကို နားထောင်ပြီး အကြမ်းဖက်မှုအားလုံးကိုအဆုံးသတ်ကြဖို့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး မာကိုတင်ဝင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အားလုံးကို တိုက်တွန်းပါတယ်။ ဒါ့အပြင် အိုးမဲ့အိမ်မဲ့ အမျိုးသမီးများ၊ ကလေးငယ်များ၊ ဖျားနာနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ နယ်မြေခံပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေအကြောင်း ပြောပြပါတယ်။ 

စစ်တပ်ဟာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေကို မီးရှို့ခဲ့တာဟာ အပြစ်မဲ့ သူတွေအတွက် ကြီးမားတဲ့ရက်စက်မှုပဲ” လို့လည်း ဆိုပါတယ်။ ဇွန်လ ၁၈ ရက်က ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို လက်နက်စီးဆင်းမှုရပ်တန့်ဖို့ ဆုံးဖြတ်ချက်ကိုလည်း ကျေနပ်အားရတယ်လို့ ဘုန်းတော်ကြီးက မိန့်ပါတယ်။ 

လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့လို့ လူငယ်တွေမှာ ပြည်သူလူထုကို ကာကွယ်ဖို့ လက်နက်ကိုင်ခုခံရုံမှလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးလို့လည်း ဆိုပါတယ်။ ရလဒ်အနေနဲ့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ တိုးလာတာပါ။ 

ဂိုဏ်းချုပ်ဘုန်းတော်ကြီး မာကိုတင်ဝင်းက မြန်မာကက်သလစ်ဘုရားကျောင်းဟာ အမြဲဟောပြောဆုတောင်းပေးနေပြီး ပြည်သူလူထုရဲ့ သွေးထွက်သံယိုအဖြစ်ဆိုးတွေကြားထဲကနေ ငြိမ်းချမ်းရေးနဲ့ ငြိမ်သက်ခြင်းကို ရှာဖွေပေးနေတယ်လို့ ဆိုပါတယ်။ 

လောလောဆယ်မှာ တွေ့ဆုံဆွေးနွေးမှုက ရပ်တန့်နေပြီး နှစ်ဖက်စလုံးက ငြင်းပယ်ထားတာကြောင့် နည်းလမ်းမရှိဘူးလို့လည်း မိန့်ကြားပါတယ်။ ဒါကြောင့် စစ်တပ်ကောင်စီရဲ့ စိတ်နှလုံးကို ဘုရားသခင် လှုပ်နှိုးပေးဖို့ ဆုတောင်းရုံသာ တတ်နိုင်တော့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013