DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် လိုက်ထရပ်ကားတိမ်းမှောက်ပြီး ၁၀ ဦးဒဏ်ရာရ
DVB
·
June 23, 2021
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် လိုက်ထရပ်ကားတိမ်းမှောက်ပြီး ၁၀ ဦးဒဏ်ရာရ
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၂၈၀(ဝ/၁)အကြား ဆည်ကုန်းရွာအနီးမှာ ဇွန်လ ၂၃ ရက်မနက်က လိုက်ထရပ်ကား နောက်ဘီးပေါက်ပြီး တိမ်းမှောက်ရ ၁၀ ဦးဒဏ်ရာရသွားပါတယ်။

“ကားကတော့ ပက်လက်လန်သွားတယ်။ ကားပေါ်မှာ ဦးပဉ္စင်းတပါး၊ ကိုရင်တပါးအပါ ၁၈ ဦး ပါတယ် ၁၀ ဦးဒဏ်ရာရသွားတယ်။ အမြန်လမ်းရဲတပ်ဖွဲ့ကကားနဲ့ပဲ မိတ္ထီလာဆေးရုံကိုပို့ လိုက်ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လယ်ဝေးမြို့နယ် အင်ပင်အုပ်စု တောင်စင်အေးရွာနေ ကိုရဲမင်းသူ မောင်းလာတဲ့လိုက်ထရပ်ကားဟာ  မန္တလေးဘက်မှ နေပြည်တော်သို့ ဦးတည်မောင်းလာရာ ကားနောက်ဘီးပေါက်ပြီး အရှိန်လွန်တိမ်းမှောက်သွားခဲ့တာပါ။

ကားပေါ်မှာ အမျိုးသမီး ၁၀ ဦး နဲ့ အမျိုးသား ၆ ဦး၊  ဦးပဥ္စင်း ၁ ပါး၊  ကိုရင် ၁ ပါး စုစုပေါင်း ၁၈ ဦး လိုက်ပါလာတဲ့အထဲ  ဦးပဥ္စင်း ၁ ပါး၊  ကိုရင် ၁ ပါးနဲ့ အမျိုးသား ၄ ဦးဒဏ်ရာရပြီး အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

ယာဉ်မဆင်မခြင်မောင်းလို့ သာမန်ဒဏ်ရာ ပြင်းထန်ဒဏ်ရာတွေရခဲ့တာကြောင့် ယာဉ်မောင်း ကိုမျိုးသူရကို  သီးကုန်းအမြန်လမ်းရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013