DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ကို Stay at Home ဒေသမှလာရောက်သူများ ကွာရန်တင်းဝင်ရမည်
DVB
·
June 23, 2021
မွန်ပြည်နယ်ကို Stay at Home ဒေသမှလာရောက်သူများ ကွာရန်တင်းဝင်ရမည်
Donate to DVB

Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေကနေ  မွန်ပြည်နယ်ကို လာရောက်သူတွေ အနေနဲ့ ကွာရန်တင်းဝင်ရမယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်နယ်အဆင့် ကိုဗစ်ထိန်းချုပ်ရေး ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်က လာသူတွေအနေနဲ့ မွန်ပြည်နယ် ရောက်ရင် ၁၀ ရက် အသွားအလာ ကန့်သတ်မှာ ဖြစ်ပြီး ရောဂါပိုး ရှိ မရှိ နှစ်ကြိမ် စစ်ဆေးခံရမယ်လို့ ဇွန်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ဒါအပြင် ပြည်နယ်အတွင်း လာရောက်သူတွေကို မွန်ပြည်နယ်အဝင် ကျိုက်ထိုမြို့နယ်က စစ်တောင်းတံတား စစ်ဆေးရေးဂိတ်မှာ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

ကိုဗစ်ရောဂါပိုးတွေ့ရှိသူတွေကိုတော့ မော်လမြိုင်က ကိုဗစ်ကုသရေး စင်တာတွေ ဖြစ်တဲ့ Isolation 1 နဲ့ Isolation 3 တွေမှာ ကုသမှု ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့က မြို့နယ် ၁၀ မြို့နယ်ကို နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013