DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ၄ နှစ်အရွယ်ကလေးအပါအဝင် အငြိမ်းစားကျောင်းဆရာမိသားစုကို စစ်တပ်ကဖမ်းဆီး
DVB
·
June 23, 2021
မုံရွာတွင် ၄ နှစ်အရွယ်ကလေးအပါအဝင် အငြိမ်းစားကျောင်းဆရာမိသားစုကို စစ်တပ်ကဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အေးသာယာရပ် အမှတ် ၁ လမ်းမှာ ၄ နှစ်အရွယ် ကလေးအပါအဝင် မိသားစုဝင် ၅ ဦးကို အကြမ်းဖက်စစ်တပ်တွေက  PDF အဖွဲ့ကို ထောက်ပံ့လို့စွပ်စွဲပြီး  ဇွန်လ ၂၁ ရက်နေ့ ည ၁၁ နာရီလောက်ရောက်ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခု အဖမ်းခံရတာ အရင်က ကျောင်းဆရာအငြိမ်းစား မိသားစုပါ။ ဆရာကြီး ဦးတင်မြင့်စိုး အပါအဝင် သူ့မိသားစု ၅ ယောက်လုံး ဖမ်းတယ်။ နောက် ၃ ယောက်လည်း အဖမ်း ခံရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်သူ ၈ ဦးကို PDF ထောက်ပံ့မှုတွေပြုလုပ်တယ်လို့ စွပ်စွဲချက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၄ နှစ်ရွယ် ကလေးငယ်ကတော့ ဇွန် ၂၂ ရက် နေ့လယ်ပိုင်းက လွတ်မြောက်လာတယ်လို့ အေးသာရပ်ကွက်ပြည်သူတစ်ဦးက ပြောပါတယ်။

ဆရာကြီးဦးတင်မြင့်စိုးဟာ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ပစ္စည်းလှူဒါန်းဖို့ ပြုလုပ်နေချိန်အတွင်းမှာ ဖမ်းဆီးခဲ့ရတာလို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013