DVB Logo
Home
မြန်မာသတင်း
မော်​လိုက်​တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦးတွေ့
DVB
·
June 22, 2021
မော်​လိုက်​တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦးတွေ့
Donate to DVB

စစ်​ကိုင်းတိုင်း၊ မော်​လိုက်​မြို့မှာ ဇွန် ၂၂ ရက်​​ မနက်​ပိုင်းက ကိုဗစ်-၁၉ ​အတည်ပြုလူနာ ၆ ဦး ​တွေ့ရှိခဲ့ပါတယ်။

မော်လိုက် ပရဟိတလုပ်ကိုင်သူတစ်ဦးက “မော်လိုက်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ပိုး တွေ့ရှိတဲ့သူတွေနဲ့ ထိစပ်တဲ့ ၉ ဦးကို RDT Test Kits စစ်ဆေးတယ်၊ အဲဒီထဲက ၆ ဦး ကိုဗစ်ပိုး တွေ့ရှိတယ်။ အမျိုးသားက ၄ ဦး၊ အမျိုးသမီး ၂ ဦး ဖြစ်တယ်” လို့ ပြောပါတယ်။

မော်လိုက်မြို့မှာ ဇွန် ၂၀ ကနေ ၂၂ ရက်နေ့ထိ ကိုဗစ်-၁၉ ကူးစက်သူ ၁၉ ဦးထိရှိပြီး ကိုဗစ်ပိုးတွေ့ရှိတဲ့ အိမ်တွေကို ကန့်သတ်ထားကာ လက်ရှိအချိန်ထိ သေဆုံးသူ မရှိသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013