အညာဒေသရဲ့ ကိုယ်စားပြုသင်္ကေတဖြစ်တဲ့ တမာပင်ကို အကြောင်းပြုကာ “တမာရိပ်က တော်လှန်သပိတ်” အမည်နဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ပြည်သူတွေဟာ ပါးပြင်မှာ သနပ်ခါး လိမ်းခြယ်ကာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်မှာ ပြည်သူအင်အား ထောင်ချီ ပါဝင်ခဲ့ကြပြီး အင်အားကောင်းနေဆဲ သပိတ်စစ်ကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။
မြို့နယ်ပူးပေါင်းသပိတ်စစ်ကြောင်းဟာ ဒီကနေ့ဆိုရင် စစ်အာဏာရှင်ကို နေ့စဉ်ဆက်တိုက် ဆန့်ကျင် ဆန္ဒပြလာခဲ့တာ ရက်ပေါင်း ၁၀၃ ရက်မြောက်နေ့လည်း ဖြစ်ပါတယ်။