Home
မြန်မာသတင်း
မော်လမြိုင်တွင် လူငယ် ၂ ဦး ပစ်သတ်ခံရ
DVB
·
June 21, 2021
196948430_1636509643346631_6615989633990654397_n

မွန်ပြည်နယ်၊ မော်လမြိုင်မှာ ဇွန် ၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန်လောက်က လူငယ် ၂ ဦး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်ခြင်း ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ဆိုင်ကယ်မောင်းနှင်းလာတဲ့ အဲဒီလူငယ် ‌၂ ဦးကို မော်လမြိုင် ကျောက်မီးသွေးရုံ မီးပွိုင့်အနီးအရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ပစ်သတ်ခဲ့တာ ဖြစ်တယ်။

ပစ်သတ်ခံရတဲ့ လူငယ် ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီက လမ်းအလယ်မှာ ပစ်ထားပြီး နာရီအတော်အကြာမှ ပရဟိတအဖွဲ့တွေက လာရောက်ကောက်ယူကာ ‌ရင်ခွဲရုံကို ပို့ဆောင်နိုင်ခဲ့တာပါ။

သေဆုံးသွားတဲ့ လူငယ် ၂ ဦးဟာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာက လူငယ်တွေ ဖြစ်ပါတယ်။

လူငယ် ၂ ဦး ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီက သေနတ်ဝင်လုလို့ ပစ်သတ်ခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

မော်လမြိုင်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရပ်ကွက် နေရာ အချို့မှာ ညပိုင်း ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး စစ်ဆေးမခံတဲ့ သူတွေကို ပစ်သတ်ဖို့ အမိန့်ပေးထားတယ်လို့ ‌ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024