DVB Logo
Home
မြန်မာသတင်း
မြို့သစ်မြို့နယ်ပညာရေးဌာန CDM ဝန်ထမ်းတွေထံမှ ချေးငွေ ၂ လစာ ပြန်တောင်းနေ
DVB
·
June 19, 2021
မြို့သစ်မြို့နယ်ပညာရေးဌာန CDM ဝန်ထမ်းတွေထံမှ ချေးငွေ ၂ လစာ ပြန်တောင်းနေ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပညာရေးဌာနက အာဏာဖီဆန် CDM မှာ ပါဝင်လို့ ရာထူး ကထုတ်ပယ်ခြင်းခံရတဲ့ဝန်ထမ်းတွေဆီကနေ အန်အယ်လ်ဒီ အစိုးရကအတိုးမဲ့ထုတ်ချေးပေးခဲ့တဲ့ ဝန်ထမ်းလစာ ၂ လစာချေးငွေတွေကို  ပြန်တောင်းခံနေတယ်လို့ သိရပါတယ်။

အလုပ်ထုတ်ခံရတဲ့ ဆရာတစ်ဦးက ''CDM ပါလို့ အလုပ်ထုတ်ခံရတဲ့သူတွေဆီကို စစ်ကောင်စီက အကြွေးတောင်းခိုင်းတဲ့စာပေါ့ဗျာ။ ကျနော်က  မတ်လနဲ့ ဧပြီလ လစာတွေလည်း မရဘူး။ ကျနော်တို့ အစိုးရ NUG ကလည်း ချေးငွေတွေကို ပြန်မသွင်းရတော့ဘူးလို့ ကြေညာထားတယ်လေ။ စစ်ကောင်စီက သူတို့ထုတ်ချေးထားတာမဟုတ်ဘဲဗျာ။ မသွင်းနိုင်ပါဘူး။'' လို့ ပြောပါတယ်။

မြို့သစ်မြို့နယ်ပညာရေးဌာနက ပညာရေးဝန်ထမ်း ၁၈၀၀ ကျော်မှာ CDM မှာပါဝင်လို့ ရာထူးကနေထုတ်ပယ်ခံရတဲ့ ဝန်ထမ်းဦးရေ ၇၀ နီးပါးရှိနဲ့ CDM မှာ ထပ်မံပါဝင်လာသူ ဝန်ထမ်းဦးရေ ၆၀ နီးပါးရှိကာ CDM မှာပါဝင်သူစုစုပေါင်း ၁၃၀ ခန့် ရှိကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013