DVB Logo
Home
မြန်မာသတင်း
မွန်အမတ်လောင်းလုပ်ကြံခံရမှုတွင် သံသယရှိသူ ၁ ဦးကို ဖမ်းမိထား
DVB
·
June 19, 2021
မွန်အမတ်လောင်းလုပ်ကြံခံရမှုတွင် သံသယရှိသူ ၁ ဦးကို ဖမ်းမိထား
Donate to DVB

မွန်ညီညွတ်ရေးပါတီလွှတ်တော်အမတ်လောင်း မိဝေသီဖြိုးကို လုပ်ကြံခဲ့တယ်လို့ သံသယရှိသူ အမျိုးသားတစ်ယောက်ကို ဖမ်းဆီးရမိထားတယ်လို့ မွန်ပြည်သစ်ပါတီ NMSP ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်က DVB ကို ပြောပါတယ်။

မိဝေသီဖြိုးကို လုပ်ကြံခဲ့တယ်လို့ ယူဆရတဲ့ တစ်ရွာတည်းနေသူ ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာက သံသယရှိသူ အောင်ဌေးဆိုသူကို စကားပြောစက် တစ်လုံးနဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိထားပြီးနောက် သံသယရှိသူကို စစ်ဆေးနေဆဲ ဖြစ်ပြီး တစ်စုံတစ်ရာ ထွက်ဆိုတာ မရှိသေးဘူးလို့ ဆိုပါတယ်။

မိဝေသီဖြိုးဟာ ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာမှာ ဇွန်လ ၈ ရက်နေ့ ညဦးပိုင်းက AK 47 သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တရားလွှတ်‌တော် ရှေ့နေတစ်ဦး ဖြစ်တဲ့ အမတ်လောင်း မိဝေသီဖြိုးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရရှိခဲ့ခြင်းတော့ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013