DVB Logo
Home
နိုင်ငံတကာ
Nord Stream ပိုက်လိုင်းဖောက်ခွဲမှု ဒုတိယမြောက် သံသယရှိသူကို ခရိုအေးရှား၌ ဖမ်းမိ
DVB
·
August 20, 2026
Photo: Danish Defence Command/Forsvaret Ritzau Scanpix/via REUTERS / File Photo
Photo: Danish Defence Command/Forsvaret Ritzau Scanpix/via REUTERS / File Photo
Donate to DVB

၂၀၂၂ ခုနှစ် Nord Stream ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ ဒုတိယမြောက် ယူကရိန်းနိုင်ငံသားကို ခရိုအေးရှားနိုင်ငံ ပူလာမြို့မှာ ဩဂုတ် ၁၉ ရက် မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ဂျာမနီနိုင်ငံကို လွှဲပြောင်းပေးအပ်သွားမယ်လို့ ဂျာမန်အစိုးရရှေ့နေတွေက ဩဂုတ် ၁၉ ရက်မှာ ပြောပါတယ်။

ဖမ်းဆီးရမိထားသူဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလက Nord Stream 1 နဲ့ 2 ဓာတ်ငွေ့ ပိုက်လိုင်းတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေကို တပ်ဆင်ခဲ့တဲ့ ရေငုပ်သမားတွေထဲက တယောက်လို့ ယူဆရကြောင်း ဂျာမနီ ပြည်ထောင်စုအစိုးရရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ အီးနက်စ် ပီတာဆင် က ပြောပါတယ်။

“ဒီလူကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပိုလန်မှာ ခေတ္တ ထိန်းသိမ်းခဲ့ဖူးပေမဲ့ အဲဒီတုန်းက ပိုလန်တရားရုံးဟာ ဂျာမနီကို လွှဲပြောင်းပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ခုတော့ ခရိုအေးရှားမှာ ဖမ်းမိထားတာမို့ လွှဲပြောင်းပေးဖို့ ကိစ္စကို ခရိုအေးရှား တရားရုံးတွေက ဆုံးဖြတ်ရမှာပါ” လို့ ပီတာဆင်က ရှင်းပြပါတယ်။

စွပ်စွဲခံရသူဘက်ကလည်း အယူခံဝင်ခွင့် ရှိတာကြောင့် ဘယ်တော့မှ ဂျာမနီကို လွှဲပေးနိုင်မလဲဆိုတာ အတိအကျ မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဥပဒေကြောင်းအရ ဒါဟာ ရှေ့ပြေးဖောက်ခွဲမှုတခုဖြစ်ပြီး လက်ရှိဖမ်းဝရမ်းမှာလည်း စွပ်စွဲခံထားရသူကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့ ဖျက်ဆီးမှုပုဒ်မနဲ့ တရားစွဲဆိုထားတာပါ။

ဟမ်းဘတ်မှာ တရားစွဲထားပြီးသား လူတွေကလွဲရင် တခြားသံသယရှိသူတွေနဲ့ ပတ်သက်လို့ မှတ်ချက်မပေးနိုင်ဘူးလို့လည်း ပီတာဆင်က ဆိုပါတယ်။

ဒီအမှုမှာ ပထမဆုံးသံသယရှိသူဖြစ်တဲ့ ယူကရိန်းစစ်တပ်အရာရှိဟောင်း ဆာဟီးကေကို ယူကရိန်းအစိုးရ အဖွဲ့အစည်းတွေအတွက် ကိုယ်စားပြု လုပ်ဆောင်ပြီး ဗုံးခွဲတိုက်ခိုက်မှုတွေကို ကြိုးကိုင်ခဲ့သူအဖြစ် ဂျာမန်ရှေ့နေတွေက ဇူလိုင်လမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ်လတုန်းက အီတလီမှာ ဖမ်းဆီးခံရပြီး နိုဝင်ဘာလမှာ ဂျာမနီကို လွှဲပြောင်းခံခဲ့ရတဲ့ အဲဒီ ယူကရိန်းနိုင်ငံသားဟာ ဒိန်းမတ်နိုင်ငံ ဘွန်းဟုမ်းကျွန်း အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဖောက်ခွဲမှုနဲ့ ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပါတယ်။

အဲဒီဖောက်ခွဲမှုကြောင့် ဥရောပဆီ ရုရှားဓာတ်ငွေ့ တင်ပို့တဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ Nord Stream 1 နဲ့ စတင်လည်ပတ်ခြင်း မရှိသေးတဲ့ Nord Stream 2 ပိုက်လိုင်းခွဲတို့ ပျက်စီးခဲ့ရပါတယ်။

ဂျာမန်ရှေ့နေတွေရဲ့ အဆိုအရ ဒီတိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ဟာ ပိုက်လိုင်းတွေကနေ ဓာတ်ငွေ့ပို့လွှတ်မှုကို အပြီးတိုင် ရပ်တန့်ပစ်ဖို့ဖြစ်ပြီး ရုရှားအနေနဲ့ သဘာဝဓာတ်ငွေ့ ရောင်းရငွေတွေကို စစ်စရိတ်အဖြစ် မသုံးစွဲနိုင်အောင် တားဆီးဖို့ ဖြစ်ပါတယ်။

ပျက်စီးသွားတဲ့ ပိုက်လိုင်းတွေရဲ့ အဆုံးသတ်ဟာ ဂျာမနီနိုင်ငံ မက်ကလန်ဘာဂ်-ဖှော်ပွန်မန်း ပြည်နယ်မှာ ရှိနေတာကြောင့်အပြင် ပိုက်လိုင်းဆုံးရှုံးမှုဟာ ဂျာမနီရဲ့ စွမ်းအင်လုံခြုံရေးနဲ့ ပြည်တွင်းဘေးကင်းရေးကိုလည်း ထိခိုက်တာတွေကြောင့် ဂျာမန်တရားရုံးတွေက ဒီအမှုကို သူတို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ထည့်သွင်း စီရင်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013