DVB Logo
Home
မြန်မာသတင်း
အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်တူးမိန်းဂေါင်အပါအဝင် ၁၈ ဦးကို အမည်ပျက်စာရင်းသွင်း
DVB
·
June 19, 2021
အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်တူးမိန်းဂေါင်အပါအဝင် ၁၈ ဦးကို အမည်ပျက်စာရင်းသွင်း
Donate to DVB

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်တူးမိန်း ဂေါင် အပါအဝင် ဝန်ကြီးဌာနဝန်ထမ်း ၁၈ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အမည် ပျက်စာရင်းသွင်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ CDM အောင်မြင်ရေးကော်မတီက ဇွန် ၁၈ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဆိုပါ ကြေညာချက်မှာတော့ CDM ဝန်ထမ်းတွေကို တရားမဝင်ဖိ အားပေးတာ၊ ခြိမ်းခြောက်တာတွေနဲ့ ဝန်ထမ်းအိမ်ရာတွေကနေ အတင်း ဖယ်ရှားတာတွကို လုပ်နေတဲ့ ဖော်ပြပါ ဝန်ထမ်း ၁၈ ယောက်ကို အမည်ပျက်စာရင်းသွင်းကြောင်းနဲ့ သူတို့ရဲ့ ရာထူးတည်ရှိမှုအပါအဝင် ကိစ္စအဝဝကို NUG အနေနဲ့ လုံးဝ အသိအမှတ်ပြုတော့မှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။

လက်ရှိအမည်ပျက်စာရင်းသွင်းလိုက်တဲ့ ဝန်ထမ်း ၁၈ ယောက်ထဲမှာတော့ တိုင်း ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာ နစတဲ့ ဌာနတွေက အမြဲတမ်းအတွင်းဝန်၊ ဒုအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒု ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုညွှန်ကြားရေးမှူး၊ လက် ထောက်ညွှန်ကြားရေးမှူး၊ ဉီးစီးအရာရှိစတဲ့ ရာထူးအဆင့် ရှိသူတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013