DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ကိုဗစ်လူနာ ၂ ဦး ထပ်မံ သေဆုံး
DVB
·
June 18, 2021
မွန်ပြည်နယ်တွင်  ကိုဗစ်လူနာ ၂ ဦး ထပ်မံ သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်နဲ့ ဘီလင်းမြို့တို့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး ဇွန် ၁၈ ရက်က  ထပ်မံ သေဆုံးသွားတယ်လို့ ကိုဗစ်အရေးကူညီဆောင်ရွက်နေသူက ပြောပါတယ်။

သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက်နေ အသက် ၇၂ နှစ်ရှိ ကိုဗစ်အတည်ပြုလူနာ အမျိုးသားဟာ မော်လမြိုင်က တပ်မတော်ဆေးရုံ မဆရ (၅) မှာ တက်ရောက်ကုသနေစဉ် ဒီကနေ့ မနက်ပိုင်းမှာ သေဆုံးခဲ့တာဖြစ်ပြီး ဘီးလင်းမြို့နေ အသက် ၅၃ နှစ်ရှိ ကိုဗစ်အတည်ပြုလူနာ အမျိုးသားဟာလည်း မော်လမြိုင်ဆေးရုံကြီးမှာ တက်ရောက်ကုသစဉ် သေဆုံးခဲ့တာပါ။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အသက် ၇၀ အရွယ် ကိုဗစ်အတည်ပြုလူနာ ၃ ဦး သေဆုံးထားပြီး အခု သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာ‌တွေနဲ့ဆိုရင် သေဆုံးသူ ၅ ဦး ထိ ရှိလာတာပါ။

ပြည်နယ်အတွင်း ‌ရောဂါပိုးတွေ့ရှိမှုအရ ဇွန် ၁‌၈ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက်  ၄၀ ကျော်ထိ ရှိလာခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013