DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ ဂျက်စတင်ဘီဘာ၊ မက်ဒေါနား၊ ရှာကီယာနှင့် BTS တို့ ဖျော်ဖြေမည်
DVB
·
July 9, 2026
Photo: REUTERS / UNRESTRICTED POOL / HYBE/ BIG HIT MUSIC / GLOBAL CITIZEN
Photo: REUTERS / UNRESTRICTED POOL / HYBE/ BIG HIT MUSIC / GLOBAL CITIZEN
Donate to DVB

နယူးယောက်မြို့မှာ ဇူလိုင် ၁၉ ရက် (မြန်မာစံတော်ချိန် ၂၀ ရက်နေ့ မနက်ပိုင်း) ကျင်းပမဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပထမပိုင်းအပြီး ဖျော်ဖြေမှုမှာ မက်ဒေါနား၊ ရှာကီယာ၊ BTS တို့နဲ့အတူ ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာလည်း ပါဝင်လာမယ်လို့ သိရပါတယ်။

ဒီ ၁၁ မိနစ်ကြာ ဖျော်ဖြေမှုမှာ Burna Boy၊ Gustavo Dudamel၊ ဆက်ဆမီစထရိ (Sesame Street) ရုပ်သေးရုပ်တွေနဲ့ Coldplay အဖွဲ့တို့လည်း ပါဝင်ကြမှာပါ။

“ကမ္ဘာ့ဖလားပြိုင်ပွဲက ကမ္ဘာကြီးကို တခြားဘယ်အရာနဲ့မှမတူအောင် စည်းလုံးစေတယ်” လို့ ဘီဘာက ပြောပါတယ်။

ဒီဖျော်ဖြေပွဲကို Coldplay အဖွဲ့က ခရစ်စ်မာတင် စီစဉ်တာဖြစ်ပြီး ကမ္ဘာတဝန်းက ကလေးတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရန်ပုံငွေရှာဖွေသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဖွင့်ပွဲမှာ ဖျော်ဖြေခဲ့တဲ့ ရှာကီယာနဲ့ Burna Boy တို့ရဲ့ Dai Dai သီချင်းဟာလည်း လက်ရှိအချိန်ထိ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။

မက္ကဆီကို၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဒီပြိုင်ပွဲမှာ အိမ်ရှင်အသင်းတွေ အားလုံး ပြုတ်သွားပြီ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ဇူလိုင် ၉ ရက်မှာ ပြန်စမှာဖြစ်ပြီး ပြင်သစ်နဲ့ မော်ရိုကိုတို့ ယှဉ်ပြိုင်ကစားကြမှာပါ။

ဇူလိုင် ၁၀ ရက်မှာ စပိန်နဲ့ ဘယ်လ်ဂျီယံတို့ ကစားမှာဖြစ်ပြီး ဇူလိုင် ၁၁ ရက်မှာတော့ နော်ဝေနဲ့ အင်္ဂလန်၊ အာဂျင်တီးနားနဲ့ ဆွစ်ဇာလန်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

လောလောဆယ် ဂိုးသွင်းအများဆုံးအဖြစ် အာဂျင်တီးနားက လီယွန်နယ်မက်ဆီက ၈ ဂိုး၊ ပြင်သစ်က ကိုင်လီယန်အမ်ဘာပေနဲ့ နော်ဝေက အာလင်းဟာလန်းတို့က ၇ ဂိုးစီ၊ အင်္ဂလန်က ဟယ်ရီကိန်းက ၆ ဂိုး အသီးသီး သွင်းယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013