DVB Logo
Home
မြန်မာသတင်း
မီးရှို့ဖျက်ဆီးခံရသည့် ကင်းမရွာအတွက် မြန်မာအလှမယ်ယမုံက သရဖူရောင်းချလှူဒါန်းမည်
DVB
·
June 18, 2021
မီးရှို့ဖျက်ဆီးခံရသည့် ကင်းမရွာအတွက် မြန်မာအလှမယ်ယမုံက  သရဖူရောင်းချလှူဒါန်းမည်
Donate to DVB

မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ကင်းမရွာအတွက် လှူဒါန်းဖို့ Miss World Myanmar 2018 2nd runner up အလှမယ် ယမုံဟာ သူ့ရဲ့ အလှမယ်သရဖူကို မဲဖောက်ရောင်းချမယ်လို့ အွန်လိုင်းကနေတဆင့် ကြေညာခဲ့ပါတယ်။ 

မြန်မာကျပ်ငွေ ကျပ်သိန်း ၃၀ လောက်တန်တဲ့ အဲဒီ အလှမယ်သရဖူကို ရောင်းချဖို့အတွက်  မဲတစ်မဲကို ငွေတစ်သောင်းနှုန်းနဲ့ မဲပေါင်း ၃၀၀ ကို ရောင်းချတာ ဖြစ်ပါတယ်။ 

အလှမယ် ယမုံဟာ သူ့ရဲ့ ဖေ့စ်ဘုတ်ကနေ ကြေညာလိုက်ပြီး ၁၂နာရီအတွင်း မဲပေါင်း ၂၀၀ ကျော် ရောင်းချနေရကြောင်း တွေ့မြင်ရပါတယ်။ 

အရင်ကတည်းက ပရဟိတတွေ တက်တက်ကြွကြွ လုပ်တတ်လေ့ရှိတဲ့ ယမုံဟာ ဒီသရဖူကို အရင်ကရောင်းချချင်ခဲ့ပေမယ့် အားလုံးကျပ်တည်းနေချိန် အဆင်မပြေခဲ့လို ဒီတစ်ခေါက်တော့ လိုအပ်တဲ့နေရာတွေလှူချင်လို့ သရဖူကို မဲစနစ်နဲ့ရောင်းတာလို့ ဆိုပါတယ်။

မဲအားလုံး ရောင်းချပြီးချိန်မှာ သရဖူအတွက် အွန်လိုင်းကနေလိုက်ဖ်လွှင့်ပြီး မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။ 

မကွေးတိုင်း၊  ပေါက်မြို့နယ်၊ ကင်းမရွာကို ဇွန်လ ၁၅ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၂၄၀ လောက်ရှိတဲ့အထဲ အများစု မီးလောင်သွားပြီး သက်ကြီးရွယ်အို ၂ ဦး မီးလောင်သေဆုံးခဲ့ရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013