
ဩစတြေးလျနိုင်ငံမှာ ၅ နှစ်အရွယ် တိုင်းရင်းသူတယောက် အသတ်ခံရပြီးနောက် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
မိန်းကလေးကိုသတ်မှုနဲ့ အသက် ၄၇ နှစ်အရွယ်ရှိ ဂျက်ဖာဆန်လီဝစ်ကို ဧပြီ ၃၀ ရက်မှာ ဖမ်းဆီးခဲ့တာပါ။
လူသတ်မှုအတွက် လီဝစ်ဟာ ပြန်ပြီး ပေးဆပ်ရမှာဖြစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့က သူ့ကို အကာအကွယ်ပေးနေတယ်လို့ ဆန္ဒပြသူတွေက အော်ဟစ်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ဆေးရုံအပြင်မှာ စုဝေးခဲ့ကြပြီး ရဲတပ်ဖွဲ့ကို မီးရှူးတွေနဲ့ ပစ်ပေါက်ခဲ့ပြီး ရဲကားတွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
သေဆုံးသူ ကလေးငယ်ကို ဧပြီ ၃၀ ရက်နေ့မှာ တွေ့ရှိခဲ့တာပါ။ ဧပြီ ၂၅ ရက်နေ့မှာ ကလေး ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒေသခံ ရာပေါင်းများစွာက ရှာဖွေပေးခဲ့ကြတာပါ။
တရားခံဖြစ်တဲ့ လီဝစ်ကို တခြားမြို့ကို ရွှေ့ပြောင်းခဲ့ပြီး လာမဲ့နေ့တွေမှာ တရားစွဲမယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
Source: Reuters










