Home
မြန်မာသတင်း
အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်‌ရန် မွန်ပြည်နယ်က PDF အဖွဲ့များ ပူးပေါင်း
DVB
·
June 17, 2021
199697147_1633543573643238_1107450582206415849_n

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းဖို့ မွန်ပြည်နယ်က မော်လမြိုင် ၊ ပေါင်နဲ့ သိမ်ဇရပ် PDF အဖွဲ့တွေ ပူးပေါင်းလိုက်ကြောင်း ဇွန်လ ၁၆ ရက်နေ့မှာကြေညာပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းဖို့အတွက် ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပူးပေါင်းခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒီဘုံသဘောတူညီချက် ၅ ကို လုံခြုံရေးအရ ထုတ်ပြန်ပေးနိုင်ခြင်း မရှိတဲ့အပေါ်  ပြည်သူတွေ အနေနဲ့ နားလည်သည်းခံဖို့ ပန်ကြားထားပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့PDF တွေအနေနဲ့ အတ္တစွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ ပါတီအဖွဲ့အစည်းအစွဲ မရှိဘဲ ဖက်ဒရယ်စိတ်ဓာတ်ကို အခြေခံကာ ပေါင်းစည်းခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းဖို့ ‌မော်လမြိုင် PDF နဲ့ ‌မကွေး PDF တို့ ပူးပေါင်းခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024