DVB Logo
Home
မြန်မာသတင်း
ကင်းမရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ခဲသည့်အပေါ် NUG ပြင်းပြင်းထန်ထန်ရှုတ်ချ
DVB
·
June 17, 2021
ကင်းမရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ခဲသည့်အပေါ် NUG ပြင်းပြင်းထန်ထန်ရှုတ်ချ
1 / 2
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာကို အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဇွန် ၁၆ ရက်ညက တိုက်ခိုက်ခဲ့ပြီး ရွာလုံးကျွတ်မီးရှို့ခဲ့တဲ့ အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြင်း ပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။

ဒေသခံမျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ အကြမ်းဖက် ရဲတပ်ဖွဲ့တွေ နဲ့  အရပ်ဝတ်စစ်သားတွေဟာ ကျေးရွာဆီ ရောက်ရှိလာပြီး ကျေးရွာနေပြည်သူတွေရဲ့  အိုးအိမ်ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီးခဲ့ကြကာ ကင်းမရွာရဲ့ ၈၀ ရာခိုင်နှုန်းသော လူနေ အိမ်တွေ ပျက်စီးခဲ့ရပြီး သက်ကြီးရွယ်အို ၂ ယောက် မီးလောင်သေဆုံးခဲ့ပါ တယ်။

နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်မှုတွေ မလုပ်ဆောင်ဖို့ ထပ်ခါတလဲလဲ တိုက်တွန်းနေတဲ့ကြားက အကြမ်းဖက်စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ တပ်တွေဟာ အ လိုက်နာဆောင်ရွက်ရန် လုံးဝဆန္ဒမရှိကြောင်းကို ကင်းမရွာမှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက ပြဆိုနေတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေတပ်ဖွဲ့တွေဟာ တရားဥပဒေစိုးမိုးမှုကို ထပ် ခါတလဲလဲမျက်ကွယ်ပြုကာ၊ လူ့အခွင့်အရေးတွေကို ချိုးဖောက်ကာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြပြီး လက်ရှိအချိန်အထိ စာရင်းတွေအရ အကြမ်းဖက်စစ်တပ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၆၄ ယောက် အသက်ဆုံးရှုံးခဲ့ရ ပြီး ၄၈၉၃ ယောက်ကတော့ တရားဥပဒေမဲ့ ဖမ်းဆီးအရေးယူခံနေကြရတယ်လို့ ဆိုပါ တယ်။

အကြမ်းဖက်စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဒေသခံအဆင့်၊ နိုင်ငံတော် အဆင့်နဲ့ နိုင်ငံတကာအဆင့်တွေက သက်ဆိုင်သူတွေအားလုံးအနေနဲ့ ဆက်လက်မှတ် တမ်းတင်ထားဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းကြောင်းနဲ့ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စပ်လျဉ်းတဲ့ သက်သေတွေကို စု ဆောင်းထားဖို့လည်း တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013