DVB Logo
Home
မြန်မာသတင်း
ဘုရားသုံးဆူမြို့တွင် BGF တပ်ဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ
DVB
·
June 17, 2021
ဘုရားသုံးဆူမြို့တွင် BGF တပ်ဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ အမှတ် ၄ ရပ်ကွက်မှာ ဇွန် ၁၆ ရက် နေ့လည်ပိုင်းက BGF နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ထိမှန် သေဆုံးသွားတယ်လို့ မြို့ခံပြည်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးရဲ့ နေအိမ်မှာအမည်မသိလက်နက်ကိုင်တွေနဲ့ အပြန်အလှန်ပစ်ခတ်ရင်း ဦးခေါင်း သေနတ် ၃ ချက်ထိမှန်ဒဏ်ရာရရှိပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တာပါ။ 

သေဆုံးသူဟာ နယ်ခြားစောင့်တပ်အမှတ် ၁၀၂၁ တပ်ဖွဲ့ဝင် မောင်ကျော်ဆိုသူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ CDM ဝန်ထမ်းတွေ၊ ဆန္ဒပြခေါင်းဆောင်တွေကို သတင်းပေး လိုက်လံဖမ်းဆီးတာတွေအပြင် ဆန္ဒပြသပိတ်စစ်ကြောင်းကို အိမ်စီးကားနဲ့ လိုက်တိုက်ခဲ့သူ တစ်ဦးဖြစ်တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

“အမည်မသိလက်နက်ကိုင်နဲ့ အပြန်အလှန်ပစ်ခတ်တာ။ သူတို့ရဲ့တပ်ဖွဲ့ဝင်တစ်ဦးအိမ်မှာ ပစ်ကြတာ။  ဆေးရုံရောက်မှ ဆုံးသွားတယ် "လို့ အခင်းဖြစ်ရာအနီးရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ BGF တပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေပြီး မြို့တွင်းသွားလာမှုတွေကို စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ  မေလ ၁၉ ရက်က ဒုတပ်ရင်းမှူးအဆင့်နဲ့ အငြိမ်းစားယူထားတဲ့ အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးကျော်ဇင်မင်း၊ ဇွန်လ ၈ ရက်က ဘုရားသုံးဆူမြို့၊ ရွာသစ်ရွာမှာနေထိုင်တဲ့ မွန်ညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း မိဝေသီဖြိုးတို့ အမည်မသိသေနတ်သမားတွေရဲ့ ပစ်သတ်တာ ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013