DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရက်အတွင်း လူ ၃၀၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ၊ ၆၄၀ ဦးမှာ အကျဉ်းထောင်များ မှဖြစ်
DVB
·
June 15, 2021
ထိုင်းတွင် တရက်အတွင်း လူ ၃၀၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ၊ ၆၄၀ ဦးမှာ အကျဉ်းထောင်များ မှဖြစ်
Donate to DVB

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံ ထိုင်းနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရော ဂါကူးစက်ခံရသူ ၃၀၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ထားပါတယ်။

အဲဒီကူးစက်ခံရသူတွေထဲက အယောက် ၆၄၀ ကတော့ အကျဉ်းထောင်တွေက ဖြစ် ပြီး သေဆုံးမှုအသစ်ကတော့ ၁၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံတက်ရောက်ကုသမှုခံယူနေသူတွေထဲက ၄၇၇၄ ယောက်ကတော့ ပြန်လည် ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၀၂,၂၆၄ ယောက်နဲ့ သေဆုံးသူပေါင်း ၁,၄၈၅ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါ သန်းနဲ့ချီ ကူးစက်မှုအမြင့်ဆုံး နိုင်ငံတွေထဲ မှာတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေက ထိပ်ဆုံးမှာ ရှိနေတာ ဖြစ်ပါ တယ်။ 

ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၁၇၇ သန်း ကျော် ရှိလာခဲ့ပြီဖြစ်ပြီး သေဆုံးသူအရေအတွက်ကတော့ ၃ ဒသမ ၈ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၁၆၁ ဒသမ ၂ သန်းကျော် ရှိ နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013