DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အမှု တရားလိုကို စတင်စစ်ဆေး
DVB
·
June 14, 2021
သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အမှု တရားလိုကို စတင်စစ်ဆေး
Donate to DVB

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက တရားစွဲထားတဲ့အမှုကို  ဒီကနေ့ ဇွန်လ ၁၄ ရက်က နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အဆောက်အဦတစ်ခုမှာ ရုံးထုတ်ခဲ့ပြီး တရားလိုတွေကို စတင် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ကတော့ တရားလိုတွေကို စစ်တာပေါ့နော်။ အကုန်လုံး စစ်ပြီးတော့မှာပဲ ဒီနေ့ရုံးချိန်းက ပြီးတာပါ။ ဒီနေ့က အမေအတွက် လေးမှုနဲ့ သမ္မတကြီးအတွက် တစ်မှုပါ။ ဒေါက်တာမျိုးအောင်ကို ဒီနေ့ မစစ်သေးပါဘူး။ မနက်ဖြန်ကျ အမေကို တစ်မှုကျန်မယ်၊ အမေတစ်ယောက်တည်းကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၅ နဲ့စွဲထားတဲ့ တရားလို ဦးထွန်းမြင့်အောင်(ခ)ဦးညီညီ စွဲထားတဲ့အမှုရယ်၊ နောက်သုံးယောက်တွဲကို စွဲထားတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ) အမှုရယ်၊ အဲဒီနှစ်မှုကို မနက်ဖြန် စစ်မှာပါ”လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒီနေ့ လိုပြသက်သေတွေကိုပါ စစ်ဆေးဖို့ဖြစ်ပေမယ့် အချိန်လုံလောက်မှုမရှိတဲ့အတွက် တရားလိုတွေချည်းပဲ စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဇမ္ဗူသီရိမြို့နယ်၊ သီးသန့်တရားရုံးမှာ သမ္မတ ဦးဝင်းမြင့်အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ စွဲဆိုထားသည့်အမှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေတွေအရ စွဲဆိုထားတဲ့ အမှုတွေကို စတင်စစ်ဆေးခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း  စစ်ကောင်စီကနေ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထပ်မံအမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013