DVB Logo
Home
မြန်မာသတင်း
မြန်အောင်တွင် PDF တပ်ဖွဲ့ဝင်ဟုစွပ်စွဲပြီး အမျိုးသား ၆ ဦးကို ဖမ်းဆီး
DVB
·
June 14, 2021
မြန်အောင်တွင် PDF တပ်ဖွဲ့ဝင်ဟုစွပ်စွဲပြီး အမျိုးသား   ၆ ဦးကို ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အဖွဲ့ဝင်လို့ သံသယရှိသူ  အမျိုးသား ၆ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဇွန် ၁၂ ရက်က ဖမ်းဆီးခဲ့ပါတယ်။

သတင်းအတိအကျရတဲ့အတွက်  ဘန့်ဘွေးကုန်းကျေးရွာအနီးက တောထဲကို စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဘန်ဘွေးကုန်းတောထဲ တောနင်းရှာလို့ မိတာ။ သူတို့ ထုတ်ပြန်တာက တောထဲမှာ ၆ ယောက် မိတယ် ပြောတယ်။ ကျနော်တို့သိတာတော့ ၆ ယောက်စလုံး အတူတူ မိတာမဟုတ်ဘူး။ တပ်က ဖမ်းပြီးစစ်တဲ့နောက် အဖမ်းခံတဲ့သူတွေက ဖော်လို့ နောက်ဆက်တွဲတွေ ထပ်ဖမ်းတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်အောင် PDF နဲ့ပတ်သက်ပြီး  စစ်တပ်က  လူ ၈ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သတင်းထုတ်ပြန်ရာမှာ ၆ ဦးပဲ ဖော်ပြထားကာ ၂ ဦး ပျောက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်  ဖမ်းဆီးရမိသူတွေကို တပ်အချုပ်ထဲမှာ ထိန်းသိမ်းစစ်ဆေးရာမှာ ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့သတင်းမှာတော့ PDF အဖွဲ့ဝင်လို့ ယူဆရသူတွေကို တောထဲမှာ ဝင်ရောက်ဖမ်းဆီးချိန် ပွိုင့် 22 ပစ္စတိုသေနတ်  ၂ လက်၊ ဂက်စ်သေနတ် ၂ လက်၊ တူမီးပြောင်း ၇၉ ချောင်း၊ လက်လုပ်ဗုံး ပီနံအိတ်နဲ့ ၄ လုံး၊ ဆိုင်ကယ် ၄ စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013