DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်ကြရန် မန္တလေး ကျောင်းသားသမဂ္ဂများတိုက်တွန်း
DVB
·
June 14, 2021
စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်ကြရန် မန္တလေး ကျောင်းသားသမဂ္ဂများတိုက်တွန်း
Donate to DVB

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး ကဏ္ဍအသီးသီးမှာ ပူးပေါင်းပါဝင်ကြဖို့ ပြည်သူလူထုကို မန္တလေးမြို့အခြေစိုက် တက္ကသိုလ် ကျောင်းသားသမဂ္ဂများက နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီလကတည်းက ခုအချိန်အထိ စစ်အာဏာသိမ်းကာလ ၄ လခွဲ ကြာမြင့်လာပြီ ဖြစ်ပေမဲ့ လူထုလှုပ်ရှားမှု ကျေးလက်မြို့ပြ သပိတ်တိုက်ပွဲတွေ အရှိန်အဟုန်မပျက် ဆက်လက်လှုပ်ရှားနေဆဲဖြစ်သလို အကြမ်းဖက်စစ်အုပ်စုကလည်း ပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့ သတ်ဖြတ်မှုတွေကြောင့် လူထုသပိတ်တိုက်ပွဲတွေ အားလျော့သွားခဲ့ရပေမဲ့ တက္ကသိုလ်ကျောင်းသားတွေ၊ ကျောင်းသားသမဂ္ဂတွေ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ မြေပြင်သပိတ်တိုက်ပွဲတွေကတော့ အရှိန်အဟုန်နဲ့ ဆက်လက်လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။

မြေပြင်သပိတ်တွေ ဆက်လက်ရှိနေသေးသလို အမျိုးသားညီညွတ်ရေးအစိုးရက ဦးဆောင်ပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးနဲ့ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ကျောင်းသားပြည်သူတွေနဲ့အတူ တဘက်မှာလည်း ကြိုးစားအားထုတ်နေကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုရဲ့ ဖက်ဆစ်အာဏာရှင်ဝါဒ အပြီးတိုင် ချုပ်ငြိမ်းအောင် လက်နက်ကိုင်လမ်းစဉ်နဲ့ တော်လှန်ဖို့ ပြင်နေကြတာမှန်ပေမယ့် တဘက်မှာလည်း ပြည်သူ တွေအနေနဲ့ သပိတ်တိုက်ပွဲတွေမှာ သွေးအေးသွားလို့ မရသေးဘူးလို့ ကျောင်းသားတွေက ဆိုပါတယ်။

ဒါကြောင့်မို့ နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့ကြရတဲ့ ရဟန်းအာဇာနည်၊ လူ အာဇာနည်၊ အဖမ်းဆီးခံထားရသူတွေ၊ တောတောင်ရေမြေကြားမှာ စစ်ပညာသင်ယူနေ ကြတဲ့ Gen Z လူငယ်တွေနဲ့ CDM လှုပ်ရှားမှုမှာ ပေးဆပ်ပါဝင်ထားကြတဲ့ ပြည်သူ့ဝန် ထမ်းတွေကို ငဲ့ညှာတဲ့အနေနဲ့ နွေဦးတော်လှန်ရေး ကဏ္ဍအသီးသီးမှာ အလံနဲ့ အသံကို နားစွင့်ပြီး ပူးပေါင်းပါဝင်ကြဖို့ ကျောင်းသားသမဂ္ဂတွေက မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းကာလ ၄ လကျော်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၆၃ ယောက် ကျဆုံးခဲ့ပြီးဖြစ်ကာ ၆၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013