Home
မြန်မာသတင်း
“သပိတ်စုံ သူပုန်ထ” မုံရွာလူထု စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
DVB
·
June 14, 2021
201096607_2856674077980830_5038843018313635598_n
200175257_2856674031314168_7727424726056405037_n
200075277_2856674171314154_6411224902264797012_n
199877184_2856674124647492_2635037446560656218_n
199559903_2856674211314150_5937964932322852548_n
198863584_2856673981314173_5452899562987771248_n

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မုံရွာပင်မသပိတ်ဟာ ဇွန်လ ၁၄ ရက် မနက်က လုံခြုံရေး တင်းကျပ်ချထားတဲ့ကြားက အဓိကလမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်လမ်းမပေါ်ထိ အင်အားကောင်းကောင်းနဲ့  ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 

သပိတ်ဦးဆောင်တစ်ဦးက “ဒီနေ့ ဇွန်လ ၁၄ ရက်နေ့ဟာ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားရဲ့ မွေးနေ့ဖြစ်ပြီး ချေဂွေဗားရား ပြောခဲ့သလိုပဲ မတရားမှုဟာ ဥပဒေဖြစ်လာပြီဆို ခုခံတော်လှန်ခြင်းဟာဝတ္တရားဖြစ်လာတယ်ဆိုတဲ့အတိုင်း ဒီနိုင်ငံမှာလည်း ခုခံတော်လှန်ဖို့ဆိုတဲ့ တာဝန်ဟာ ကျနော်တို့အားလုံးရဲ့ ပုခုံးထက်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။  သပိတ်စုံ သူပုန်ထ ဆိုတဲ့အတိုင်း အကြမ်းဖက်စစ်ကောင်စီကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ရမယ်” လို့ ပြောပါတယ်။

မုံရွာပင်မသပိတ်စစ်ကြောင်းမှာ လူအင်အား ၃၀၀ ကျော်ပူးပေါင်းပါဝင်ခဲ့ပြီး စစ်ကောင်စီ အကြမ်းဖက်အဖွဲ့က အရပ်ဝတ်တွေနဲ့ လိုက်လံဖမ်းဆီးခဲ့ပေမဲ့ သပိတ်ကိုအောင်မြင်စွာ ချီတက်ဆန္ဒပြ လူစုခွဲနိုင်ခဲ့ပါတယ်။

 “သပိတ်စုံ သူပုန်ထ” သပိတ်ကို ရန်ကုန်၊ မန္တလေး ၊ မုံရွာနဲ့ တနင်္သာရီ မြို့ ၄ မြို့မှာ  လူငယ်တွေက  ဒီကနေ့မနက် တပြိုင်တည်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

 Photo - Myint Maung Maung

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024