DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု၏အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၆၃ ဦး၊ ဖမ်းဆီး ၆၀၀၀ ကျော်ရှိလာ
DVB
·
June 14, 2021
စစ်အုပ်စု၏အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၆၃ ဦး၊ ဖမ်းဆီး ၆၀၀၀ ကျော်ရှိလာ
Donate to DVB

မတရားအာဏာသိမ်းကာလ ၄ လကျော်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၆၃ ယောက် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၁၃ ရက်အထိ မှတ်တမ်းပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၀၂၈ ယောက် ဖမ်းဆီးခံခဲ့ရကာ လက် ရှိ  ၄၈၆၃ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၇၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အ တွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၉၃၆ ယောက်ရှိနေပြီး သူတို့ထဲက ၃၁ ယောက်ကတော့ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၅ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်စီ အသီးသီး မျက်ကွယ် ထောင်ဒဏ် ချမှတ်ခံထားရလို့ တိမ်းရှောင်နေသူတွေ ဖြစ်တယ် လို့ ဆိုပါတယ်။

ဇွန် ၁၁ ရက်နေ့ မနက်ပိုင်းကတော့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စစ်ဘေး ရှောင်နေရာမှာ ရိက္ခာမရှိတော့တဲ့အတွက် ပဒန်းခိုကျေးရွာကနေ ရိက္ခာပြန်လာယူတဲ့ ဦးမေးလာကို အကြမ်းဖက်စစ်အုပ်စု တပ်သားတယောက်က အနီးကပ် ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန် ၁၀ ရက်နေ့မှာတော့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဘားအံမြို့နယ်က တရားလွှတ်တော်ရှေ့နေ ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက မြဝတီမြို့မှာ ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

နောက်ထပ် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုကျော်မြတ်မင်းကိုတော့ အကြမ်းဖက်စစ်အုပ်စုက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တဘက်ကမ်း လှည်းကျော်ကုန်းကျေးရွာ တောရဘုန်းကြီးကျောင်းမှာ ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးချိန်မှာ ကိုကျော်မြတ်မင်းဟာ သင်္ဃန်းဝတ်ထားတာကြောင့် လူဝတ်လဲကာ ဖမ်းဆီးသွားခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာတော့ ဇွန် ၁၁ ရက်နေ့က မသန် စွမ်းအမျိုးသား ၁ ယောက်ဖြစ်တဲ့ ကိုအောင်ကိုမင်းဟာ သုံးဘီးတပ် ဆိုင်ကယ်နဲ့ နေအိမ်ကနေ ထွက်သွားပြီးနောက် ဖမ်းဆီးခြင်းခံခဲ့တယ်လို့လည်း သိရပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013