DVB Logo
Home
မြန်မာသတင်း
CDM သူရဲကောင်း ၆၇၄ ဦးအတွက် We Pledge CDM အဖွဲ့က ငွေကျပ် ၁၈၈ သိန်း ထောက်ပံ့
DVB
·
June 13, 2021
CDM သူရဲကောင်း ၆၇၄ ဦးအတွက် We Pledge CDM အဖွဲ့က ငွေကျပ် ၁၈၈ သိန်း ထောက်ပံ့
Donate to DVB

​စစ်အာဏာရှင်စနစ်ဆန့်ကျင်​ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ CDM သူရဲကောင်းဝန်ထမ်း ၆၇၄ ယောက်ကို We Pledge CDM အဖွဲ့က ငွေကျပ် ၁၈၈ သိန်း ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအလှူငွေတွေကိုတော့ ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ ၁၁ ရက်နေ့အထိ ကောက်ခံရရှိတဲ့ အလှူငွေတွေထဲက အမှန်တကယ် လိုအပ်နေတဲ့ CDM သူရဲကောင်းတွေကို CRPH ရဲ့ ထောက်ခံချက်နဲ့ We Pledge CDM အဖွဲ့က သေချာစိစစ်ပြီး ပြန်လည်ခွဲဝေ လှူဒါန်းပေး ခဲ့တာလို့ ဆိုပါတယ်။

  We pledge CDM ကတဆင့် လှူဒါန်းလိုက်တဲ့ အလှူငွေတွေ အကျိုးရှိတဲ့ နေရာ မှာ ထိုက်တန်စွာအသုံးချနေကြောင်းကို သိရှိပြီး ပီတိဖြစ်စေဖို့ ရည်ရွယ်ကာ “We Share To” အစီအစဉ်ကိုလည်း အပါတ်စဉ် စနေနေ့တိုင်း We Pledge CDM ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ တင်ပေးနေတာ ဖြစ်ပါတယ်။

ခုတခါ လှူဒါန်းလိုက်တဲ့ CDM သူရဲကောင်းတွေထဲမှာတော့ ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကယား ပြည်နယ်မှ အထွေထွေအုပ်ချုပ်ရေးမှူး CDM ဝန်ထမ်းတွေ၊ ကျောက်မဲ၊ လားရှိုး၊ နောင်ချို၊ ပြင်ဦးလွင်၊ ထုံးဘို၊ သီပေါတို့မှ မီးရထား CDM ဝန်ထမ်းတွေ အသီးသီး ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013